Arc-3.3 လီယို / လီယို

2.3K 296 18
                                    

Unicode##

ဆေးရုံကုတင်ပေါ်ထက်ဝယ်သတိမေ့မျောနေသေးသော သေးသွယ်တဲ့ကိုယ်လုံးငယ်ပိုင်ရှင်ချာတိတ်သည်ရောဂါသည်တစ်ယောက်ဖြစ်ကာ အနှိပ်စက်လည်းခံထားရသေးသည်။

ပိုထူးဆန်းတာကဒီချာတိတ်လေးသည် နော့ဂ်ဂိုဏ်းခေါင်းဆောင်မိုင်းခ်တဲ့လေ...။

~~~Flash Back~~~

သတိလစ်သွားတဲ့ကိုယ်လုံးလေးကိုပွေ့ချီကာ ဆေးရုံကိုဘယ်လိုအရှိန်နှုန်းနဲ့မောင်းမှန်းမသိမောင်းလာတဲ့ရိုနင်ကြောင့်လမ်းမှာလည်းယာဥ်ထိန်းရဲလိုက်တာခံလိုက်ရသေးသည်။

ဆေးရုံထိတောက်လျှောက်လိုက်လာပြီး ကားပေါ်ကဆင်းသည်နှင့်သူတို့ကိုပိတ်တားတဲ့ယာဥ်ထိန်းရဲနှင့် ရန်ဖြစ်နေတဲ့ရိုနင်ကြောင့်ချာတိတ်ကိုရိုနင်လက်ထဲထည့်ပေးပြီး ဆေးရုံထဲဝင်စေလိုက်ကာသူကတော့ယာဥ်ထိန်းရဲနဲ့စကားပြောလိုက်ရသည်။

အဖြစ်အပျက်များကိုရှင်းပြတော့မှယာဥ်ထိန်းရဲကဘာမှမပြောတော့သော်လည်းရုံးတွင်ဒဏ်ငွေဆောင်ရန်ချလံဖြတ်ပေးသွားသည်လေ။

ဆေးရုံထဲကိုဝင်လာတဲ့အချိန်မှာသူ့ရဲ့ယောလေးဆီကအသံထွက်လာသည်။ အသံလေးကလည်းမယုံနိုင်ဖြစ်နေတဲ့အသံလေးနဲ့ပင်။

(Host...ခုနကစုံစမ်းခိုင်းတဲ့ကောင်လေးက...နော့ဂ်ဂိုဏ်းဆောင်မိုင်းခ်ဘဲ...ပြီးတော့သူ့မှာရောဂါရှိနေတယ်...)

(ဘာရောဂါလဲ...)

(နှလုံးရောဂါ...)

(ဇာတ်ကြောင်းထဲမှာမပါဘူးနော်...)

(ဟုတ်တယ်အဲဒါကြောင့်လည်းယောလေးအံ့သြနေတာ...)

(မင်းတို့ကောင်းကင်အရှင်ကစိတ်သိပ်မမှန်တော့ဘူးထင်တယ်...)

(Hostအဲလိုပြောနေရင်ကောင်းကင်အရှင်ကပိုခက်အောင်လုပ်လိမ့်မယ်နော်...)

(ငါပြောတာမှားနေလို့လား...)

(....) *Hostမမှားဘူးကျွန်တော်မှားတာ...စိတ်တွေညစ်ပါတယ်...ဒီHostရယ်ကောင်းကင်အရှင်ရယ်ကြောင့်...သေသာသေလိုက်ချင်တယ်...*

(ချာတိတ်ကမိုင်းခ်ဆိုရင်သူ့ပုံစံကဘာလို့စုတ်ပြတ်နေတာလဲ...ငါနဲ့တွေ့တဲ့အချိန်မှာဘာလို့စိုးရိမ်ထိတ်လန့်နေရတာလဲ...)

Special System (or) Special ChanceWhere stories live. Discover now