Arc-3.6 လီယို / လီယို

2.4K 205 19
                                    

Unicode##

(စာပြန်မစစ်ထားပါဘူး မှားရင်ထောက်ပြသွားပေးပါ နောက်မှပြန်စစ်ပြီးအမှားပြင်ပေးပါမယ်)

"အခုချက်ချင်းတွေ့အောင်ရှာ..! မတွေ့ရင်မင်းတို့အကုန်သတ်ပစ်မယ်..!"

"စိတ်ကိုလျှော့ပါယိုယိုရယ် ကိုကြီးတို့တွေ့မှာပါ ကောင်လေးကလည်းဘယ်မှသွားမှာမဟုတ်လောက်ပါဘူး..."

အချိန်တစ်ခုကြာအောင်ထိဟေးနဲ့ရိုနင်ပျောက်နေတာကြောင့် လီယိုလည်းခြံထဲဆင်းကာရှာဖို့ပြင်နေတဲ့အချိန် ဝန်ထမ်းလေးများရဲ့နီညိုရောင် Suit ဝတ်ထားတဲ့ကောင်ငယ်လေးတစ်ယောက် ခြံထဲကငိုပြီးပြေးထွက်သွားသည်ဟုလာအကြောင်းကြားတာကြောင့် လီယိုစိုးရိမ်စိတ်နဲ့ခြံထဲဆင်းလာမိသည်။ တွေ့လိုက်ရတာကရေကန်စပ်နားတွင်ငူငူငိုင်ငိုင်ကြီးနှင့်စိတ်ဝိညာဥ်ပျက်သုဥ်းသွားတဲ့လူတစ်ယောက်လိုမျိုးထိုင်နေတဲ့ရိုနင်ကြောင့် ယောလေးကိုအမြန်စစ်ဆေးခိုင်းလိုက်ရသည်။

အဆုံးသတ်မှာသိလိုက်ရတာကရိုနင်ရဲ့စကားကြောင့် ဟေးလေးထွက်ပြေးသွားသည်တဲ့...။ အဲကလေးလေးကရောဂါသည်လေးလေ...။ ဒါကို...ဒါကိုရိုနင်လည်းသိရဲ့နဲ့... ထွက်သွား တဲ့လား...။

ကိုကြီးရဲ့ဖြောင်းဖြသံကိုလည်းမကြားနိုင်တော့ဘဲ အသိစိတ်လွတ်နေသေးတဲ့ရိုနင်ရဲ့အင်္ကျီကော်လံစကိုဆွဲယူကာ ထိုင်နေဆဲခန္ဓာကိုယ်ကိုဆွဲယူလိုက်မိသည်။

"ရိုနင်...! မင်း...! မင်းသိတယ်မှတ်လား... ဟမ်..! မင်းသိတယ်မှတ်လားလို့...! ငါမေးနေတာဖြေလေ ဖြေလို့...! မင်းမှာစောက်ပါးစပ်မပါဘူးလား...! ငါမေးနေတာဖြေလေ...အဲကလေးက...အဲကလေးကဘယ်လောက်ထိငါတို့ပေါ်တွယ်တာလဲဆိုတာမင်းသိရဲ့နဲ့...မင်းမို့ကွာ...တောက်စ်...!"

ခွပ်~~

အရှိန်ပြင်းပြင်းနဲ့ထိုးလိုက်တဲ့လက်သီးကြောင့်ရိုနင်ရဲ့စိတ်တွေလက်ရှိအချိန်ကာလဆီပြန်ရောက်လာခဲ့သည်။ သူ့ကိုမုန်းတီးစွာကြည့်နေတဲ့လီ ခေါင်းဆောင်နဲ့လီရဲ့အစ်ကိုရယ် တစ်ခြားအဖွဲ့သားတွေကြောင့်ဦးနှောက်ကိုအမြန်အလုပ်ပေးလိုက်တော့မှ....

"ဟေး...!"

"ဟက်...သတိရသွားပြီပေါ့ အခုငါတို့အဲကလေးကိုဘယ်လိုရှာမလဲ ပြောစမ်းပါဦး..."

You've reached the end of published parts.

⏰ Last updated: Aug 01, 2021 ⏰

Add this story to your Library to get notified about new parts!

Special System (or) Special ChanceWhere stories live. Discover now