Arc-2.9 မိုယုလျန် / မိုယုလ်န္

3.4K 371 19
                                    

Unicode##

နန်းတွင်းထဲသို့ရောက်သောအခါအကြံပေးအမတ်ကြီး၏သားသုံးယောက်မှအခစားရောက်ရှိကြောင်းကိုကုန်းကုန်းတစ်ယောက်မှငှက်ဆိုးထိုးသံကဲ့သို့သောအသံဖြင့်ကြေညာလိုက်တာကြောင့် ဘုရင်ကိုဝင်ရောက်ခစားလိုက်သည်။

*ယောလေးကလည်းအခုထိမလာသေးဘူး...စိတ်ညစ်လာပြီ...*

(Host....)

(ယောလေး..! မင်းဘာဖြစ်လာတာလဲ...မင်းပုံစံကအရမ်းအားနည်းနေပုံဘဲ...)

(ကျွန်တော်လည်းမသိဘူးHost...မနေ့ကHostခိုင်းတာတွေလုပ်နေရင်းစိတ်အတွင်းပိုင်းထဲကနေနာကျင်လာလို့...အခုဒီလိုဖြစ်နေတာ..)

ဖြူရော်နေတဲ့ယောလေးပုံစံကြောင့်စိတ်ဆိုးပြစ်မယ်ဆိုတဲ့အတွေးကနေစိတ်မကောင်းဖြစ်သွားရသည်။

(ငါ့ကြောင့်လားဟင်...)

(Hostကြောင့်မဟုတ်ပါဘူး...ကောင်းကင်အရှင်ပြောတာတော့ကျွန်တော်ဝိဉာဥ်ကပြစ်ဒဏ်ခံနေရတဲ့အတွက်...ဒီလိုနာကျင်တာမဆန်းပါဘူးတဲ့...)

(တစ်ခြားဘာမှမဖြစ်ဘူးမဟုတ်လား...)

(ဟုတ်ဘာမှမဖြစ်ဘူးHost)

(အင်းပါဂရုစိုက်နော်ယောလေး)

(Ding...Hostအတွက် Side Mission နဲ့ Hidden Mission ရှိပါတယ်...Side Mission - ရှန်းနဲ့မြို့စားရဲ့ငယ်ဘဝကိုဖော်ထုတ်ပြီးမိုယွဲ့လျန်ကိုအသိပေးပါ...Hidden Mission ကိုကိုယ်တိုင်ရှာဖွေပါ...)

(မြို့စားကဘယ်သူလဲ...ဇာတ်ကြောင်းမှာမပါဘူးနော်...)

(Hostဝင်လာလို့နဲ့တူတယ်...ဇာတ်ကြောင်းတွေပြောင်းကုန်တယ်...)

(အင်းထားလိုက်တော့...မင်းခဏနားနေလိုက်ဦး...ငါလိုအပ်မှခေါ်မယ်...)

(ဟုတ်Host...)

ယောလေးနဲ့စကားပြောပြီးတာနဲ့ပြင်ပကမ္ဘာကိုပြန်လည်ကြည့်ရှုလိုက်တော့
ဟုတ်သည်...မင်းကြီး၏အောက်နှစ်ဆင့်လူကြီး၏အိမ်ရှေ့စံထိုင်ခုံအောက်တစ်ဆင့်တွင်ယုလျန်မသိသောလူတစ်ယောက်ထိုင်နေသည်။
ဒါယောလေးပြောတဲ့မြို့စားဆိုသူဖြစ်ရမည်။
ဒါပေမဲ့အဲဒီနေရာ၌ထိုင်ခွင့်ရှိသူကအိမ်ရှေ့စံပြီးရင်မင်းသားမင်းသမီးတွေလေ။
ဘောက်မဲ့ကြောင့်အဲဒီမြို့စားကလာထိုင်နေတာတုန်း။
ပြီးတော့ရုပ်ဆိုးတယ်ထင်တယ်...မျက်နှာဖုံးကြီးနဲ့...။
မသိတော့ဘူး...ပြီးမှစုံစမ်းတော့မယ်.....။

Special System (or) Special ChanceWhere stories live. Discover now