Arc-2.4 မိုယုလျန် / မိုယုလ်န္

4K 524 15
                                    

Unicode##

ပန်းပွဲတော်ပြိုင်ပွဲကိုယောကျာ်းများ၏တိုက်ခိုက်ရေးယှဉ်ပြိုင်ပွဲဖြင့်ဖွင့်လှစ်စေခဲ့သည်။ ပြိုင်ပွဲအစတွင်သာမန်ပြည်သူများ၏ဓားစွမ်းရည်များကြောင့် ကြည့်ရှုသူလူထုကစိတ်ဝင်စားမှုမမြှင့်တက်သေး။ ထိုအချိန်တွင်အစီအစဉ်တင်ဆက်သူကြေငြာလိုက်သောနာမည်ကြောင့် ကောများနှင့်မိန်းမပျိုများ၏မျက်လုံးများကတဖျတ်ဖျတ်လက်ကာရင်ခုန်နေကြတော့သည်။

"အခုဆက်လက်ယှဉ်ပြိုင်မဲ့သူကတော့ မိုအမတ်ကြီးရဲ့သားအကြီးမိုယွဲ့လျန်ဖြစ်ပါတယ်"

ယုလျန်သည်သာမန်ပြည်သူများ၏ယှဉ်ပြိုင်မှုများကိုကြည့်နေရာ သာမန်အရည်အချင်းများဖြစ်နေသောကြောင့်ခေါင်းလေးစောင်းကာအိပ်ငိုက်နေရာမှကိုကိုရဲ့နာမည်ကိုခေါ်လိုက်သံကြောင့် ဆက်ကနဲခေါင်းလေးထောင်သွားပြီးဟိုလှည့်ဒီလှည့်ဖြင့်ကိုကို့ကိုလိုက်ရှာနေမိသည်။ ပြိုင်ပွဲစင်ပေါ်သို့ခန့်ညားစွာတက်သွားသောကိုကို့ကိုမြင်မှခေါင်းလေးငြိမ်သွားကာကိုကို့ကိုဘဲကြည့်နေမိသည်။

ကိုကိုနဲ့ယှဉ်ပြိုင်မည့်သူကတိုက်ခိုက်ရေးအဆင့်(၃)ရှိသောစစ်သူကြီးတစ်ဦးပင်ဖြစ်သည်။ ဒါကြောင့်ယုလျန်စိတ်ထဲစိုးရိမ်ပူပန်မှုလေးဖြတ်သန်းသွားမိသည်။ အဘယ့်ကြောင့်ဆိုသော်တိုက်ခိုက်ရေးအဆင့်(၃)ရှိသောစစ်သူကြီး၏စစ်ပွဲအောင်မြင်မှုများကိုလူတိုင်းကသိကြသည်။ဒါ့အပြင်ကိုကိုရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုမည်သူမျှမသိကြပေ။ ကိုကိုကိုယ်တိုင်ကလည်းမည်သူနဲ့မှမပြိုင်ဖူးပေ။ ဒါကြောင့်လူတိုင်းရဲ့စိတ်ထဲစိုးရိမ်စိတ်လေးများဖြစ်ပေါ်နေကြသည်။

(ယောလေးငါမေးစရာရှိတယ်)

(ဟုတ်Host..မေးပါ)

(ကိုကိုကဘာလို့အဆင့်၃စစ်သူကြီးကိုစိန်ခေါ်ရတာလဲ..ကိုကို့အဆင့်ကဘယ်လောက်လဲ..စစ်သူကြီးထက်မြင့်လား)

(ခဏနေအဖြေပေါ်သွားလိမ့်မယ်Host..သေချာတာတစ်ခုကိုပြောရရင်Hostအစ်ကိုရဲ့အဆင့်ကမြင့်တဲ့အထဲပါပါတယ်..ဒါကြောင့်သိတ်စိတ်မပူပါနဲ့)

Special System (or) Special ChanceWhere stories live. Discover now