Arc-1.4 နေရွက်လှေ / နေရွက်လှေ

4.8K 486 17
                                    

Unicode##

နောက်တစ်နေ့မနက်ရွက်လှေအိပ်ရာကနိုးလာတဲ့အချိန်မှာ နှုတ်ခမ်းသားကယောင်နေသလိုခံစားရကာ နာကျင်နေသယောင်ပင်။ ရုတ်တရက်တစ်စုံတစ်ခုအတွေးထဲပေါ်လာ၍ ရေချိုးခန်းထဲအမြန်ပြေးကာ မှန်ကိုကြည့်လိုက်တော့ အနည်းငယ်ယောင်ကိုင်းနေသောနှုတ်ခမ်းပါးကိုတွေ့လိုက်ရတော့သည်။

(System...! ဒီကိစ္စကိုရှင်းစမ်း ဒါကဘာကြောင့်ဖြစ်ထားတာလဲ ငါညကအိမ်တော်ကိုပြန်လာတုန်းကတောင်ဒီလောက်ထိမနာသေးဘူးနော် အခုရှင်း...!)

(ကျွန်တော်လည်းဘယ်သိမှာလဲလို့ hostဘာသာအိပ်ပုတ်ကြီးနေတာလေ ဟိုကတက်မလုပ်သွားတာကံကောင်း)

(သြော်...တော်တော်ချစ်ဖို့ကောင်းတဲ့Systemစုတ် ငါဒီSystemထဲကထွက်နိုင်လို့ကတော့ မင်းတို့Systemကိုတရားစွဲပြီးအမှုန့်ကြိတ်ပစ်မယ် ဂါးးး)

(....) *သူ့ဘာသာသူအိပ်ပုတ်ကြီးနေလို့မသိလိုက်တာကိုများ ငါ့လာခြိမ်းခြောက်နေတယ် အံ့ရောဟယ်*

(စိတ်ထဲကနေကိုငါ့ကိုကျိန်ဆဲမနေနဲ့တော့ယောလေး အခုဘယ်အချိနိရှိပြီလဲဇာတ်လိုက်ကောင်ဘယ်အချိန်ရောက်လာမှာလဲ)

(အချိန်ကတော့hostဘာသာကြည့်...မနက်7နာရီရှိနေပါပြီ hostရဲ့ဇာတ်လိုက်ကြီးကအောက်ထပ်မှာတောင်ရောက်နေပါပြီ)

သူ့နာမည်ကိုပြန်ခေါ်တဲ့အတွက်သူ့ရဲ့hostလေးစိတ်ပြေသွားပြီထင်၍နောက်သလိုပြောလိုက်ပေမဲ့ ဒိုင်းကနဲရောက်လာတဲ့မျက်စောင်းကြောင့် သူ့အပေါ်ကိုစိတ်မပြေသေးတာသိလိုက်တဲ့အတွက် ကောင်းကောင်းမွန်မွန်ပြန်ပြောနေမိတော့သည်။ *ဒီhostကိုကြောက်တယ် ဗြဲ....*

(Wth.. ဒီလူကြီးသူများအိမ်ကိုအစောကြီးရောက်နေတာ အားမနာတတ်ဘူးလားမသိဘူး)

(Hostလိုဘဲ အရှက်မရှိတာကတော့တော်တော်တူတယ်)

တိုးတိုးလေးရေရွတ်လိုက်ပေမဲ့ နားပါးတဲ့ရွက်လှေကကြားသွားသောကြောင့် ဒီနေ့တစ်နေ့လုံးသူ့ရဲ့Systemလေးကိုအနိုင်ကျင့်ဖို့သာဆုံးဖြတ်လိုက်တော့သည်။ ကြာတော့သူ့ရဲ့Systemလေးနားမခံနိုင်တော့ပြီထင်သည်။

Special System (or) Special ChanceWhere stories live. Discover now