Arc-2.5 မိုယုလျန် / မိုယုလ်န္

3.7K 438 7
                                    

Unicode##

ချီဟွားသည်ယုလျန်ရဲ့တင်ဆက်မှုကြောင့် ဘယ်အချိန်ချီဟွားသည်ယုလျန်ရဲ့တင်ဆက်မှုကြောင့် ဘယ်အချိန်ကစတင်၍ယုလျန်ကုချင်းတီးတတ်သွားသည်ကို မခန့်မှန်းနိုင်တော့ပေ။ ယုလျန်၏တင်ဆက်မှုမှာမိမိထက်သာနေသည်ကိုလက်မခံချင်သော်လည်း လက်မခံ၍မရနိုင်ပေ။ လက်သီးကိုကြစ်ကြစ်ပါအောင်စုပ်ထားတာကြောင့် လက်သည်းအဖျားများပင်အသားထဲသို့စိုက်ဝင်နေပေသည်။

*ဒီကောင်ကငါ့ထက်ဘာကြောင့်သာရမှာလဲ ငါပိုင်ဆိုင်သင့်တာတွေကိုအမြဲလုယူသွားတယ် အခုလဲလူတွေရဲ့အာရုံစိုက်မှုကိုယူသွားပြန်ပြီ မို.ယု.လျန်..!မင်းငါနဲ့တွေ့မယ် မင်းကဂြိုလ်ကောင်ဘဲ..! *

ယုလျန်တင်ဆက်ပြီးသည်နှင့်စင်မြင့်ထက်ကနေဂါရဝပြုလိုက်သောအခါလူထုဆီကနေလက်ခုပ်သံများမစဲနိုင်တော့ပေ။ ယုလျန်စင်မြင့်ထက်ကဆင်းရန်ပြင်လိုက်သောအခါ မင်းကြီးထံမှတားဆီးသံကိုကြားလိုက်ရသည်။

"နေပါဦးလူငယ်လေးရဲ့..မင်းရဲ့တင်ဆက်မှုကိုငါကိုယ်တော်သဘောကျတော်မူတယ်..ဒီလိုမျိုးဓားနဲ့ကုချင်းကြိုးမပြတ်အောင်တီးခတ်တင်ဆက်မှုမျိုးကိုငါကိုယ်တော်ဘဝတစ်လျှောက်လုံးမတွေ့ဖူးသေးဘူး..ဒါကြောင့်ငါကိုယ်တော်ကပြိုင်ပွဲနဲ့မဆိုင်တဲ့ဆုလာဒ်ကိုမင်းကိုချီးမြှင့်မယ်"

မင်းကြီးကလက်တစ်ဖက်ကိုမြှောက်၍ဘေးနားကသက်တော်စောင့်ကိုအမူအရာပြလိုက်သောအခါ ပုဝါနီဖြင့်အုပ်မိုးထားသောဗန်းတစ်ခုကိုသယ်ဆောင်လာလေသည်။ သက်တော်စောင့်ကပုဝါကလှစ်ဟပြလိုက်တော့ အဖြူရောင်ပုလွေကိုတွေ့လိုက်ရသည်။

"ဒါ..ဒါကနိုင်ငံ့ရတနာဆယ်ပါးထဲကနံပါတ်တစ်ဆယ်အဖြူရောင်ကျောက်စိမ်းပုလွေမဟုတ်ပါလားအရှင်"

"အိုးးအမောင်ကသိနေတာဘဲ..ဟုတ်တယ်ဒါကနိုင်ငံ့ရတနာဆယ်ပါးထဲကတစ်ပါးပါဝင်တဲ့အဖြူရောင်ကျောက်စိမ်းပုလွေဘဲ..ဒါကိုငါကိုယ်တော်အမောင့်ကိုဆုချမယ်"

"ဒါက..ကျွန်တော်မျိုးနဲ့မထိုက်တန်ပါဘူးအရှင်..လက်ခံရမှာမဝံ့ရဲပါဘူး"

"ငါကိုယ်တော်ရဲ့အမိန့်ကိုငြင်းပယ်ချင်တာလားအမောင်"

"မဟုတ်ရပါ..ကျွန်တော်မျိုးလိုကောတစ်ယောက်နဲ့နိုင်ငံ့ရတနာနဲ့မထိုက်တန်မှာစိုးရိမ်လို့ပါ"

Special System (or) Special ChanceTahanan ng mga kuwento. Tumuklas ngayon