Arc-2.2 မိုယုလျန် / မိုယုလ်န္

4K 475 14
                                    

Unicode##

ညနေဘက်နေအေးသွားတဲ့အချိန်တွင် ကိုကိုယွဲ့လျန်ကရွှေရောင်စက္ကူစဖြင့်ထုပ်ပိုးထားသောအထုတ်တစ်ထုပ်ကို အားဝေကနေတစ်ဆင့်ပို့ပေးလာသည်။ ဖွင့်ကြည့်လိုက်သောအခါလှပသောရေပြာရောင်ဝတ်စုံလေးကိုတွေ့ရသည်။ အင်္ကျီရဲ့လက်ဖျားထိပ်နှစ်ထက်တွင်လှပသောငွေချည်များထိုးထားကာ အောက်အနားဖျားများတွင်မူရွှေချည်ဖြင့်ထိုးထားသောပဒုမ္မာကြာပန်းများကြောင့် ဝတ်စုံမှာတန်ဖိုးကြီးသလိုရိုးရှင်းလှပလွန်းပေသည်။ ဒါကြောင့်ဒီဝတ်စုံကိုအဖေဆီကနေကိုကိုတောင်းလာဘဲဖြစ်ရမည်။

"အားဝေ..ဒီသခင်ကိုပြင်ဆင်ပေးပါဦး"

အရင်ကနဲ့လုံးဝမတူဘဲနူးညံ့သာယာစွာပြောဆိုလာသောဒုတိယသခင်ငယ်လေးကြောင့်အားဝေရဲ့စိတ်နှလုံးထဲစိမ့်ဝင်ကာအေးချမ်းသွားပေသည်။

"အားဝေ..အားဝေ..ဒီသခင်ကိုပြင်ဆင်မှုမလုပ်ပေးချင်တာလား"

"မဟုတ်ရပါဘူးဒုတိယသခင်လေး..ကျွန်တော်သခင်လေးဆံပင်ကိုဘယ်လိုထုံးဖွဲ့ပေးရမလဲစဉ်းစားနေတာပါ"

"သြော်..အဲဒါဆိုမစဉ်းစားနဲ့တော့ ဆံသားကိုအလယ်ကနေယူပြီး ဟိုရွှေရောင်ဖီးနှစ်ငှက်ဆံထိုးဘဲထိုးပေး..အောက်နားကဆံသားကိုသေချာဖြီးသင်ပေးနော်"

"ဟုတ်ကဲ့သခင်လေး ကျွန်တော်အဲလိုဘဲပြင်ပေးပါမယ်"

"ပြီးတော့ဝတ်စုံဝတ်ဖို့ကူညီပေးပါဦး ကြိုးတွကဘယ်နားထားရမလဲမသိဘူး ဟီးး"

"သခင်လေးရယ်ကျွန်တော်ကိုခိုင်းပါ ကျွန်တော်လုပ်ပေးမှာပေါ့" လို့ပြောတော့ ငါလည်းရမလားလို့လုပ်ကြည့်တာပါတဲ့လေ ဘယ်လောက်အပြစ်ကင်းလိုက်သလဲ။

"အားဝေဒီသခင်အတွက်ကြေးမုံယူလာပေးပါလား"

"ဟုတ်ကဲ့ပါသခင်လေးခဏလေးပါ"

အားဝေကြေးမုံကိုယူလာတဲ့အခါယုလျန်လည်းမျက်နှာကိုဖုံးအုပ်ထားဆဲဖြစ်တဲ့ပုဝါပါးအဖြူကိုချွတ်လိုက်သည်။ မိမိပုဝါပါးကိုချွတ်လိုက်တာကိုမြင်လိုက်တဲ့အားဝေကတော့ ကြေးမုံကိုကိုင်ရင်းမိမိကိုကြောင်ငေးကြည့်နေသည်။

Special System (or) Special ChanceWhere stories live. Discover now