Arc-2.7 မိုယုလျန် / မိုယုလ်န္

3.7K 425 44
                                    

Unicode##

#စပရိုက်တိုက်ချင်လို့..တိုက်ထားတယ်သိလား😁😁#

"ကိုယ်တော့်ကို~~ခွင့်ပြုပါကလေးငယ်"

ခေါင်းညိတ်မိလိုက်လားမသိပေမဲ့ယုလျန်နှုတ်ခမ်းပေါ်သို့ထိကပ်လာသောနှုတ်ခမ်းတစ်စုံ မိမိနှုတ်ခမ်းသားအားပိုင်စိုးသလိုနမ်းစုတ်လာသောအရှေ့ကထိုလူသားထံမှမိမိကိုမြတ်နိုးခဲ့ဖူးသူမင်းခန့်ညားရဲ့အငွေ့အသက်များကိုခံစားလိုက်ရတာကြောင့် မျက်ဝန်းထက်ဆီကနေပူနွေးသောမျက်ရည်များကျဆင်းလာကာထိုလူသား၏အနမ်းကိုပြန်လည်တုံ့ပြန်နေမိပြီး ထိုလူသား၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။

နီရဲသောနှုတ်ခမ်းသားလေးကိုအမြတ်တနိုးနမ်းရှိုက်မိရင်းကနေ ကလေးငယ်ရဲ့မှိတ်ထားသောမျက်ဝန်းထက်ဆီကနေမျက်ရည်ပူများကျဆင်းလာသည်ကိုခံစားလိုက်ရတာကြောင့် မျက်နှာလေးကိုနမ်းနေရာကနေကြည့်ရန်ပြင်လိုက်သော်လည်းပြန်လည်နမ်းရှိုက်လာပြီးမိမိ၏လက်ကိုဖက်တွယ်လာတာကြောင့် အနမ်းရေယာဥ်ကြောကနေမရုန်းထွက်နိုင်တော့ပေ။

ရွဲ့ယန်လည်းကလေးငယ်ရဲ့အောက်နှုတ်ခမ်းသားလေးကိုအမြတ်တနိုးနမ်းရှိုက်နေရာမှ သွားဖြင့်ဖိကိုက်လိုက်သောအခါအသံသေးသေးလေးထွက်လာပြီး နှုတ်ခမ်းသားလေးပွင့်ဟသွားတာကြောင့်မိမိ၏လျှာကိုအတွင်းသို့ဝင်စေ၍ကလေးငယ်၏လျှာသေးသေးလေးနှင့်ရစ်ပတ်စေပြီးအနမ်းတို့မပြတ်စေတော့ပေ။

အတန်ကြာနမ်းရှိူက်နေရာရွဲ့ယန်၏ရင်ဘတ်ကိုထုရိုက်လာသောလက်သီးစုပ်သေးသေးလေးတွေကြောင့် နမ်းနေတာကိုရပ်တန့်ပြီးကလေးငယ်၏နဖူးပြင်နုနုလေးကိုနမ်းရှိုက်ရင်းရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"မြတ်နိုးမိပြီကလေးငယ်ရယ်..ကိုယ်တော်ကိုပြုစားနေတာလား..ဟင်.."

"လိုက်လာပေးတဲ့အတွက်ကျေးဇူးပါ..ပြီးတော့ထပ်ချစ်ပေးတဲ့အတွက်လည်းကျေးဇူးပါ..ဟင့်.." ဟုဆိုကာမျက်ရည်များကျဆင်းလာပြီးရွဲ့ယန်၏ကိုယ်ကိုအတင်းတိုးဖက်ကာကလေးတစ်ယောက်လိုပြောနေသောယုလျန်ကိုကြည့်၍ ရွဲ့ယန်စိတ်ထဲနားမလည်သော်ငြားကလေးငယ်စောင့်မျှော်နေသောသူသည်မိမိသာဖြစ်ကြောင်းတစွန်းတစရိပ်မိလိုက်တာ ကြောင့် ပျော်ရွှင်မှုတို့ကရင်ထဲတွင်အတိုင်းမသိပင်ဖြစ်လာခဲ့သည်။

Special System (or) Special ChanceWhere stories live. Discover now