Arc-1.6 နေရွက်လှေ / နေရွက်လှေ

4.2K 474 22
                                    

Unicode##

မေယမုံတစ်ယောက်မနက်ထဲကကျောင်းရောက်နေပြီး အခုနေ့လည်​ရောက်တာတောင်နေရွက်လှေကိုမတွေ့ရသေး၍ လိုက်ရှာနေမိသည်။ ပြီးတော့မနက်ကနေရွက်လှေမိဘများက သူမကိုနှိမ်သလိုပုံစံမျိုးနဲ့ ပြောဆိုလိုက်ကြတာကိုသူမမကျေနပ်ပေ။ မိဘရဲ့အပြစ်ကိုသားသမီးကပြန်ပေးဆပ်သင့်သည်။ သူမနာကျင်သလိုသူတို့သားကိုလည်းနာကျင်စေချင်သည်။ သူတို့သားနာကျင်တာကိုကြည့်ပြီး ရွက်လှေမိဘတွေငိုကြွေးနေတာကို အရသာခံပြီးကြည့်ချင်သည်။ သူတို့(မိဘ)တွေရဲ့မျက်ရည်နဲ့ခြေဆေးကာ သူတို့ကိုနင်းခြေချင်သည်။ အခုလည်းမေယမုံ နေရွက်လှေကိုလိုက်ရှာနေသည်ဆိုတာကလည်း အကောင်းမဟုတ်။ သူမတို့ကြံစည်ထားတာကိုအကောင်အထည်ဖော်ဖို့ တရားခံဖြစ်စေရန်လိုက်ရှာနေခြင်းပင်။

"ဒီအကောင်ဘယ်မှာသေနေလဲမသိဘူး အခုထိကျောင်းမလာသေးဘူး"

ဧကရီ - ယမုံရယ်စိတ်ထဲမထားပါနဲ့ အဲအကောင်အချိန်တန်ရင်လာမှာပါ ပြီးတော့ခန့်ညားလဲကျောင်းမှမလာသေးတာ

ကျော်ခေါင် - အေးလေ ဒါနဲ့ယမုံအဲအကောင်ကgayဆို နင်တို့အသုံးချပြီးရင်အဲအကောင်ကိုငါ့ကိုပေးပါလား

"နင်ကဘာလုပ်မလို့လဲ ဘာလဲနင်ကအဲအကောင်ကိုကြိုက်နေလို့လား"

ကျော်ခေါင် - ဘယ်ကသာ ငါကအဲလိုအဆင့်မရှိတဲ့ကောင်မျိုးကိုကြိုက်စရာလား ငါ့တပည့်တွေကအဲလိုဆူဖြိုးတဲ့အသားမစားရတာကြာနေပြီလေ အဲဒီတော့... ဟဲဟဲ

"ပြီးရောလေ...အားလုံးပြီးသွားတာနဲ့နင်ယူပြီးနင့်တပည့်တွေအတွက်ဆုချလိုက်ပေါ့ အဲ..အချိိန်မတန်ခင်တော့အဲကောင်ကိုမထိနဲ့နော်"

ဧကရီ - ဒါနဲ့နေရွက်လှေမှာစေ့စပ်ထားတဲ့သူရှိတယ်ဆို အဲလူကမကျေနပ်လို့လက်စားချေရင်ဘယ်လိုလုပ်မလဲ

"နားစမ်းပါဟာ အဲလူကဘယ်လောက်အဆင့်ရှိနိုင်မှာမို့လို့လဲ မင်းခန့်ညားလောက်အဆင့်ရှိနိုင်မှာတဲ့လား ပြီးတော့အဲလူကငါ့ကိုလက်စားချေရအောင် ငါလုပ်မှန်းသိမှာတဲ့လား ငါမှန်းသိသွားရင်တောင်ငါ့အလှမှာမျောပြီး ငါ့ကိုဘာမှလုပ်မှာမဟုတ်ပါဘူးဟာ ဟားဟားဟား"

Special System (or) Special ChanceWhere stories live. Discover now