Arc-2.11 မိုယုလျန် / မိုယုလ်န္

3.4K 382 11
                                    

Unicode###

ဘာလိုလိုနဲ့ယုလျန်ဒီကမ်ဘာကိုရောက်နေတာသုံးနှစ်တောင်ရှိနေလေပြီ။
Missionတွေလည်းအကုန်ပြီးနေပြီ။
လုပ်ကြံသူလက်ဝဲအမတ်ကိုလည်းကိုကိုကိုယ်တိုင်ဖမ်းဆီးပြီး
သုတ်သင်လိုက်တာတစ်နှစ်တောင်ရှိခဲ့ပြီ။
ဒါပေမဲ့လူကြီးအနားမှာနေချင်သေးတာကြောင့်ရော ရှန်းကိုလည်းရှာမတွေ့သေးတာကြောင့်ပါ
ဒီကမ်ဘာကနေမထွက်ခွာသေးတာ..။

ရှန်းကိုပြန်တွေ့ပြီဆိုရင်လည်းအခုလောလောဆယ်ဗိုက်ထဲမှာကစုဗူးနဲ့...။ ဟင်းးး...ဘယ်လိုမှကိုလွတ်လမ်းမရှိသေး...။
ဟိုSystemသူတောင်းစားကလည်းMissionပြီးသွားလို့ဆက်နေပါမယ်လို့ပြောပြီးထဲကပေါ်ကိုမလာတော့...။
ရေကမ္ဘာစက်ဝန်းထဲကိုပြန်ရောက်မှတွေ့မယ်ငလူးမသားလေး...။

ပြီးတော့ခိုင်းထားတဲ့Missionတွေထဲကလေးယူရမယ်ဆိုတာမပါဘူးလေ။
အဲဒါကိုဒင်းကိုပြောတော့သူမသိဘူးတဲ့ဆိုပြီးလစ်ပြေးသွားတဲ့ခွေးကောင်လေး...။

ကလေးမွေးတဲ့ဝေဒနာကအရမ်းခံရခက်လားတော့မသိပေမဲ့
တစ်ခါမှကိုယ်ဝန်မဆောင်ခဲ့ဖူးပေမဲ့
ဒီကမ္ဘာကပုံရိပ်ယောင်ကမ္ဘာဖြစ်နေပေမဲ့
ဒီကလေးကိုတော့တွယ်တာနေမိတယ်...။

ပြူတင်းတံခါးနားဝယ်မတ်တပ်လေးရပ်ကာ
ငါးလခန့်ရှိနေပြီဖြစ်သောစူပို့ပို့ဗိုက်လေးကိုလက်လေးနှစ်ဖက်ဖြင့်ပွတ်သပ်ကာ ငြိမ်ငြိမ်လေးမှီရပ်နေသောကလေးငယ်ရဲ့ပုံရိပ်လေးသည် ရွဲ့ယန်အတွက်တော့အဖိုးမဖြတ်နိုင်ပေ။

"ကေလး...ဘာတွေစဉ်းစားနေတာလဲ..."

"ဪ...လူကြီး..ဘာမှမစဉ်းစားပါဘူး..ဒီအတိုင်းကိုကို့ကိုသတိရမိလို့ပါ..အဆင်မှပြေပါ့မလားလို့တွေးမိလို့..."

"ကေလး...ကလေးရဲ့ကိုကိုကအရမ်းကိုကြံ့ခိုင်ပြီးစိတ်ဓာတ်မာတဲ့သူတစ်ယောက်ပါ...ပြီးတော့သူရှန်းကိုတွေ့တာနဲ့ပြန်လာမှာပါ..."

"မွေးခါနီးရင်ကိုကို့ကိုပါဘေးနားမှာရှိစေချင်တာကို..."

စူပုတ်ပုတ်လေးပြောလာတဲ့ရွဲ့ယန်ရဲ့ကလေးငယ်သည်
ကလေးအဖေပေါက်စလေးဖြစ်လာခါနီးတာတောင်
ကလေးဆန်တဲ့အကျင့်ကမပျောက်သေးဘဲ
သူ့အပေါ်အခုဆိုးတုန်းချွဲတုန်းပင်...။

Special System (or) Special ChanceWhere stories live. Discover now