Between Life - 1

3.9K 420 8
                                    

Unicode##

နေရွက်လှေဓားထိုးခံလိုက်ရတဲ့အတွက် ဆေးရုံသို့အသွားလမ်းမှာခန့်ညားရဲ့ကားဘရိတ်ပေါက်ပြီး လမ်းဘေးကသစ်ပင်ကိုဝင်တိုက်မိသည်။ သက်တော်စောင့်ကသတိမလစ်ခင်ဆေးရုံကားကိုအမြန်ခေါ်လိုက်၍သာ ဆေးရုံကားကအချိန်မှီရောက်လာခဲ့သည်။ ဆေးရုံကိုရောက်တော့သက်တော်စောင့်ရဲ့အသက်နဲ့ မင်းခန့်ညားရဲ့အသက်ကိုဆရာဝန်တွေမှာမနည်းလုခဲ့ရသည်။ နေရွက်လှေကတော့ကားပေါ်မှာဘဲ ဓားဒဏ်ရာနဲ့အတူဆုံးပါးသွားခဲ့ရသည်။ နှစ်ပတ်အကြာမှမင်းခန့်ညားသတိရလာခဲ့သည်။ သတိရရခြင်းမြင်လိုက်ရတဲ့သူက မြတ်နိုးရတဲ့ကလေးငယ်မဟုတ်ဘဲ လေးစားရတဲ့ကိုကိုဖြစ်နေတာကလွဲလို့ပေါ့။

"ကလေး..ကလေးဘယ်မှာလဲကိုကို ကလေးဆီသွားရမယ်"

အရူးတစ်ပိုင်းဖြစ်နေတဲ့ညီငယ်ကိုကြည့်ကာ မင်းဝသန်ရင်ထဲစိတ်မကောင်းခြင်းများကစိုးမိုးလျက်။
ဆေးရုံကဆင်းတော့ညီငယ်ရဲ့အားနည်းနေတဲ့ခန္ဓာကိုယ်ကိုတွဲကာနေရွက်လှေရဲ့ခန္ဓာလှဲလျောင်းရာ အုတ်ဂူရှိရာကိုပို့ပေးတော့ညီငယ်ရဲ့မျက်ဝန်းများကနေ တစ်ခါမှမကျဖူးတဲ့မျက်ရည်များကဖြိုင်ဖြိုင်ကျလျက်။

*ရွက်လှေရေ မင်းကတော့မင်းနာမည်လေးအတိုင်း လောကကြီးကနေရွက်လွှင့်ပြီးထွက်သွားပေမဲ့ ငါ့ညီလေးကတော့အခုအရူးတစ်ပိုင်းလိုဘဲ နောက်ဘဝတွေများရှိရင်ငါ့ညီလေးနဲ့မင်းပျော်ရွှင်စွာပေါင်းဖက်ရပါစေကွာ*

မင်းခန့်ညားသတိရလာပြီးတစ်ပတ်အကြာမှာ မေယမုံမိဘပိုင်ကုမ္ပဏီဒေဝါလီခံလိုက်ရသည်။ ချမ်းသာတဲ့အသိုင်းအဝိုင်းကနေပျောက်ကွယ်သွားကာအစရှာမရတော့ပေ။ မေယမုံဘယ်ရောက်သွားလဲဆိုတာကိုတော့ သူ့မိဘတွေတင်မကဘယ်သူမှရှာဖွေလို့မရခဲ့။ နောက်သုံးရက်အကြာမှာအမည်မသိအလောင်းသုံးလောင်းကိုရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ရသော်လည်း မည်သူတွေမှန်းစုံစမ်းလို့မရ၍ ပိုင်ရှင်မဲ့အလောင်းများအဖြစ်သင်္ဂြိုလ်လိုက်ကြသည်။ ဒီအလောင်းတွေကဘယ်သူဆိုတာကိုသတ်တဲ့သူရယ် ဘုရားသခင်ရယ်ကလွဲလို့ဘယ်သူမှမသိနိုင်ပေ။

အရာအားလုံးပြီးဆုံးသွားတဲ့တစ်လအကြာမှာ မင်းခန့်ညားဟာသူ့ရဲ့စံအိမ်တော်ကနေပျောက်ခြင်းမလှပျောက်သွားခဲ့သည်။ လူတိုင်းကရှာဖွေလို့မရတဲ့အဆုံးအကယ်၍များဟူ၍ နေရွက်လှေရဲ့အုတ်ဂူရှိရာကိုသွားကြည့်​ကြတော့ ခြောက်ကပ်နေတဲ့သွေးတွေပေနေတဲ့နေရွက်လှေရဲ့အုတ်ဂူဘေးတွင် အေးစက်ကာအသက်မဲ့နေတဲ့မင်းခန့်ညားရဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရသည်။ မင်းခန့်ညားဟာသူချစ်တဲ့သူနောက်ကို မခွဲတမ်းလိုက်ပါသွားခဲ့သည်။

Special System (or) Special ChanceWhere stories live. Discover now