Arc-1.7 နေရွက်လှေ / နေရွက်လှေ

4.2K 407 4
                                    

Unicode##

ကောင်းကင်ဘုံဝယ်ကောင်းကင်ကိုအုပ်စိုးတဲ့ကောင်းကင်အရှင်နဲ့ လေနတ်အရှင်တို့ညီတော်အလင်းနတ်အရှင်အကြောင်းကို ပြောနေချိန်တွင်-

ကောင်းကင်အရှင် - "ညီတော်ကတော့လေ စိတ်ကိုအတတ်နိုင်ဆုံးထိန်းဖို့ပြောထားတာကို အခုလိုစိတ်ကိုမထိန်းနိုင်တော့ဘယ်လိုလုပ်ကြမလဲ"

လေနတ်အရှင် - "အစ်ကိုတော် ညီတော်ကိုသွားတားကြရအောင် မဟုတ်ရင်အဖနတ်ဘုရားသိပြီး ညီတော်ကိုအပြစ်ပေးလိမ့်မယ်"

ကောင်းကင်အရှင် - "ကောင်းပြီညီတော်"
________________________________________

"ငါကိုယ်တော်အပိုင်ကိုထိရဲ့တဲ့လူ့ငမိုက်သားတွေ အားလုံးကိုသတ်ကြစမ်း"

ထိုအချိန်တွင်သာယာအေးမြလှသောအသံနှစ်သံပေါ်လာပြီး ကမ္ဘာကြီးရဲ့အချိန်တွေကရပ်တန့်သွားတော့သည်။ သွယ်လျသောအဖြူရောင်အရိပ်လေးနဲ့ အဝါရောင်အရိပ်လေးနှစ်ခုဟာ ကမ္ဘာမြေပြင်ပေါ်ကိုနူးညံ့စွာဆင်းသက်လာကြသည်။

ကောင်းကင်အရှင် - "ညီတော်"

လေနတ်အရှင် - "စိတ်ကိုထိန်းပါညီတော်"

ကောင်းကင်အရှင် - "ညီတော်ဒီလိုသာလုပ်နေမယ်ဆိုရင် ညီတော်ခိုးထွက်လာတဲ့ကိစ္စကို အဖနတ်ဘုရားသိသွားလိမ့်မယ်"

"အဲဒါဆိုကိုယ်တော်ကကိုယ်တော်ကြင်ယာတော်ထိခိုက်သွားတာကို လက်ပိုက်ကြည့်နေရမှာလားအစ်ကိုတော်"

လေနတ်သခင် - "အစ်ကိုတော်တို့ပြောတာအဲလိုမဟုတ်ဘူးညီတော် အစ်ကိုတော်တို့ကညီတော်ကိုလွန်ခဲ့တဲ့အနှစ်200ကလိုမဖြစ်စေချင်ဘူး ညီတော်ကရောကြင်ယာတော်ကိုအပြစ်ထပ်ရစေချင်နေတာလား"

"ကိုယ်တော်က..."

ကောင်းကင်အရှင် - "ညီတော်အစ်ကိုတော်တို့ကကြင်ယာတော်ကိုလဲမထိခိုက်စေချင်သလို ညီတော်ကိုလဲမထိခိုက်စေချင်ဘူး အဖနတ်ဘုရားရဲ့ဒေါသတရားကိုညီတော်အသိဆုံးပါ"

လေနတ်အရှင် - "ညီတော်စိတ်ကိုအတတ်နိုင်ဆုံးထိန်းထားပါ မဟုတ်ရင်ညီတော်သူတို့နှစ်ယောက်လုံးကိုဆုံးရှုံးရလိမ့်မယ်"

Special System (or) Special ChanceDove le storie prendono vita. Scoprilo ora