Arc-2.1 မိုယုလျန် / မိုယုလ်န္

4.6K 484 28
                                    

Unicode##

တခေတ်မျက်လုံးတွေဖွင့်လိုက်တော့ မျက်လုံးရှေ့တွင်အစိုးရိမ်ကြီးစွာကြည့်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

(မှတ်ဉာဏ်တွေပို့ပေးနေပါပြီ..တီ...)

ရုတ်တရက်ခေါင်းထဲတိုးဝင်လာတဲ့မှတ်ဉာဏ်တွေကြောင့် ပါးစပ်ဖျားမှ 'အာ့' ကနဲအသံထွက်သွားခဲ့သည်။

(ယောလေး..နည်းနည်းနာတာသက်သာအောင်လုပ်ပေးလို့မရဘူးလား)

(မရဘူးHost ဒါSystemထဲဝင်ရောက်လာတဲ့Hostတိုင်းခံစားရတဲ့အရသာပါ)

*အေးပါကွာ ဒီSystemကလည်းငါ့ကိုဆိုဖဲ့မယ်ဆိုတာချည်းဘဲ နည်းနည်းတော့နာတာသက်သာအောင်လုပ်ပေး မဟုတ်ရင်Missionရှုံးအောင်လုပ်ပြီး မင်းကိုပါreportထုပစ်မယ်*

"ယုလျန်အဆင်ပြေရဲ့လား"

တခေတ်ဘေးတွင်အစိုးရိမ်ကြီးစွာကြည့်နေတဲ့လူက တခေတ်ရဲ့နာကျင်တဲ့အသံကိုကြားတာနဲ့စိုးရိမ်စွာမေးလာတော့သည်။ တခေတ်လည်းမှတ်ဉာဏ်မစစ်နိုင်သေးဘဲ ထိုလူ့ကိုကြည့်လိုက်တော့-

*ဝါးးချောလိုက်တာ..ဂလု..ဂလု..ဂလု*

(Host..! စိတ်ထိန်း..စိတ်ထိန်း အဲဒါHostရဲ့အစ်ကိုအရင်းနော် ငမ်းတာလေးကိုလျှော့သင့်တယ်..ဟွန့်)

*အူးဝါးးးအရမ်းချောတဲ့အဆင်လေးကငါ့အစ်ကိုတဲ့လား ဒါပေမဲ့လည်းကောင်းပါတယ် ငါ့မှာခပ်ချောချောအစ်ကိုတစ်ယောက်ရှိတာဂုဏ်ရှိတာပေါ့*

"ကျွန်တော်အဆင်ပြေပါတယ်ကိုကို"

တစ်ခါမှယုလျန်ဆီကနေနူးနူးညံ့ညံ့နဲ့ကိုကိုလို့ခေါ်တာမျိုးမကြားဖူး၍ ယွဲ့လျန်တစ်ယောက်ကြောင်အသွားမိသည်။

"ယုလျန်တကယ်အဆင်ပြေရဲ့လား လာကြစမ်းအခုချက်ချင်းသမားတော်ကိုသွားပင့်လာခဲ့ကြ ယုလျန်ခဏနားနေလိုက်ဦး အကိုသမားတော်ခေါ်ထားတယ်နော်"

"ဟုတ်ကဲ့ကိုကို"

နောက်တစ်ခါကြောင်အသွားကာကြက်သေ​သေသွားသူက ယွဲ့လျန်ပင်။ *ငါ့ညီကထူးဆန်းနေသလိုဘဲ ဟင်းးးဘာမှမဟုတ်လောက်ပါဘူး*

တခေတ်လည်းမှတ်ဉာဏ်စစ်ရန်မျက်လုံးများကိုပြန်မှိတ်ထားလိုက်သည်။ မှတ်ဉာဏ်တွေစစ်နေရင်းပြောမိတာက *$ကျိုးနည်းကမ္ဘာ*

Special System (or) Special ChanceWhere stories live. Discover now