Arc-1.5 နေရွက်လှေ / နေရွက်လှေ

4.4K 484 22
                                    

Unicode##

ကလေးငယ်ဟာခန့်ညားရဲ့ကားပေါ်မှာဘာစကားမှမပြောဘဲ တိတ်ဆိတ်စွာလိုက်လာခဲ့သည်။ ကြာတော့ခန့်ညားစိတ်ထဲတိတ်ဆိတ်မှုကို ဖြိုခွဲဖို့ရာစကားစလိုက်မိသည်။

"ရွက်လှေ ကိုယ်...."

နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ကလေးငယ်ဟာဘယ်ပန်းချီမှမမှီနိုင်အောင်လှရက်လွန်းလှသည်။

*ကလေးငယ်ကသိပ်ဖြူစင်လွန်းတယ် အဲဒါကြောင့်ကလေးငယ်အမရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရတာ အခုချိန်ကစပြီးကလေးငယ်ကိုကိုယ်ကာကွယ်ပေးမယ်*

ကားကိုဖြေးညှင်းစွာမောင်းလာရင်း ကလေးငယ်ရဲ့မျက်နှာကိုလည်းမကြာမကြာငေးကြည့်ရင်းနဲ့ Shopping Mallရဲ့ကားပါကင်ကိုရောက်ရှိလာခဲ့သည်။ ပါကင်ထိုးပြီးတာတောင်ကလေးငယ်ကနိုးမလာတဲ့အတွက် ခန့်ညားတိုးတိတ်စွာနဲ့တစ်ချက်ရယ်မိသလို တစ်ချိန်ထဲမှာဘဲကလေးငယ်ကို သူ့ရှေ့မှာမှတစ်ပါးမအိပ်မိစေရန် စောင့်ရှောက်ရတော့မည်ဟုဆုံးဖြတ်လိုက်သည်။ အခုတော့Shopping Mallထဲသို့သွားဖို့အတွက် ကလေးငယ်ကိုနိုးရတော့မည်။

"ကလေး Centerကိုရောက်နေပြီ ထတော့နော်"

"အင်းးး ငါးမိနစ်လောက်...."

အပျင်းတက်ကာငါးမိနစ်တောင်းနေသောကလေးငယ်ကြောင့် ခန့်ညားစိတ်ထဲအသည်းတစ်ယားယားပင်။

(Hostရယ်ထပါတော့ဆို....အခုနေသာHostကိုအမဲဖျက်သွားရင်တောင်သိပါ့မလားလို့....ဇာတ်လိုက်ကြီးရယ်ကျွန်တော့်Hostကိုတက်သာလုပ်သွားပါတော့ T_T) *တစ်လမ်းလုံးကာနှိုးလာတာမထတဲ့hostအစုတ်ပလုတ် အလုပ်ခံရရင်လည်းနည်းသေး*

A/N - မတရားအချစ်ခံရသောမားသားukeလေးအတွက် မျက်ရည်နှစ်စက် ကတောက်တောက် T_T

"ကလေးထတော့နော်....တကယ်လို့မထရင်ကိုယ်ကလေးကိုအတင်းနမ်းမှာနော်"

"အမ် ထပြီထပြီ"

နမ်းမယ်လည်းဆိုရောအတင်းပြူးပြဲပြီးထလာတဲ့ကလေးငယ်ကြောင့် ပြုံးမိသွားသလိုရုတ်တရက်တွေးမိလိုက်တာက *ကလေးငယ်ကငါ့ကိုမကြိုက်ဘူးလား*

တွေးမိလေရင်ထဲတနုံ့နုံ့ဖြစ်လာတာကို ရွက်လှေတစ်ယောက်မသိဘဲအနမ်းခံရမှာကြောက်၍ ကားပေါ်မှအတင်းဆင်းကာဓာတ်လှေကားရှိရာဆီပြေးနေမိတော့သည်။ မြေအောက်ကားပါကင်ကသုံးထပ်ရှိကာ အခုကအောက်ဆုံးထပ်တွင်။ ဘယ်အထပ်ကိုသွားရမှန်းမသိတာကြောင့် ခန့်ညားကိုသာစောင့်နေလိုက်တော့သည်။ မကြာခင်မှာဘဲခန့်ညားဟာဓာတ်လှေကားရှေ့ရောက်လာပြီး ခလုတ်ကိုနှိပ်ကာ10ထပ်ကိုသွားရန်နှိပ်လိုက်တော့သည်။ ဓာတ်လှေကားအတွင်းဝယ်လေထုကပိုမိုအေးစက်လာသည်ကိုတော့ ရွက်လှေတစ်ယောက်သတိမထားမိ။

Special System (or) Special ChanceWhere stories live. Discover now