Arc-3.2 လီယို / လီယို

2.4K 315 38
                                    

Unicode##

လီယိုတို့shopping mallကိုရောက်တော့
ရိုနင်ကပါကင်ထိုးရန်ကျန်ခဲ့ကာ
လီယိုကတော့Mallအပေါ်ထပ်ကိုတက်နှင့်လိုက်သည်။

လီယိုတို့လာတဲ့MallကJနိုင်ငံရဲ့အကောင်းဆုံးMallတစ်ခုဖြစ်ကာ
အကြီးဆုံးနှင့်အမြင့်ဆုံးအဆောက်အဦးလည်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော်Companyနဲ့Mallကိုတွဲဖွင့်ထားတာကြောင့်ဖြစ်သည်။

လီယိုတို့လိုshoppingထွက်လာတဲ့သူတွေက
ဓာတ်လှေကားABCကိုသာအသုံးပြုလို့ရပြီး
ဝန်ထမ်းများကတော့DEFကိုအသုံးပြုကြရသည်။
တစ်ခါတစ်လေမှကုမ္ပဏီကိုလာတတ်သောCEOနဲ့ဒုCEOအတွက်ကတော့VIPဓာတ်လှေကားသပ်သပ်ရှိသည်။

အဆောက်အဦးကအလွှာသုံးဆယ်ရှိကာMallကဆယ့်ငါးလွှာထိရှိပြီးကျန်ဆယ့်သုံးလွှာကကုမ္ပဏီဖြစ်ကာကျန်နှစ်လွှာကိုတော့CEOတို့ညီအစ်ကိုနှစ်ဦးသာတက်ခွင့်ရှိသည်။

အခုလိုပြောပြနေလို့ဒီMallကြီးကဘာထူးခြားနေလဲပြောရရင်
ဒီMallကိုပိုင်တဲ့သူကဇာတ်လိုက်နဲ့လီယိုအစ်ကိုဖြစ်နေလို့ဘဲ..။

လီယိုလည်းရိုနင်ကိုစောင့်ရင်း8လွှာမှာခဏအချိန်ဖြုန်းနေလိုက်သည်။
ဟုတ်တာပေါ့...သူ့ကိုဝိုင်းကြည့်နေတဲ့လူတွေကိုမသိဘဲနဲ့ပေါ့...။
ဆယ်လီတစ်ယောက်လိုချောမောကာခန့်ညားသည့်ဟန်ထက်
တည်တည်တံ့တံ့နှင့်ပင်လှလွန်းနေသောလီယိုကိုတစ်ချို့သောမိန်းကလေးတွေကပင်ဓာတ်ပုံများခိုးရိုက်နေကြသည်လေ။

ဖုန်အသံကြားလိုက်ရတာကြောင့်ဘောင်းဘီအိတ်ကပ်ထဲကဖုန်းကိုထုတ်ကြည့်လိုက်တော့ရိုနင်ပို့ထားတာပင်။ ဘယ်မှာလဲဟူသောရိုးရှင်းတဲ့မေးခွန်းငယ်တစ်ခု။ 8လွှာဟုခပ်တိုတိုပင်ပြန်ဖြေလိုက်သည်။

လီယိုဖုန်းကိုကြည့်ပြီးလမ်းကိုဖြေးဖြေးလျှောက်နေရင်းလူတစ်ယောက်ကိုဝင်တိုက်မိသည်။

"အင့်.."

"Sorry..."

ခပ်ဆတ်ဆတ်အသံလေးကြောင့်ဝင်တိုက်သူကိုမော့ကြည့်လိုက်တော့ဖြူနုနုမျက်နှာလေးနှင့်မလိုက်အောင်ပင်များပြားလှသောဒဏ်ရာများရထားသောကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။
ထိုကောင်လေးပုံစံကအနောက်ကနေတစ်ယောက်ယောက်နှောင့်ယှက်လို့ထွက်ပြေးလာရသည့်ပုံပင်..။ နောက်ကိုလှည့်ကြည့်လှည့်ကြည့်နှင့်ခုထိသူ့ကိုလှည့်မကြည့်သေး။

Special System (or) Special ChanceWhere stories live. Discover now