Death of real Life (or) Meet with System

13.1K 606 6
                                    

Unicode##

မထင်မှတ်ထားတဲ့အရာတွေက ဘဝမှာဖြစ်ပေါ်လာခဲ့ရင် အဲဒီအရာတွေကိုရင်ဆိုင်ဖို့ သတ္တိရှိဖို့လိုအပ်လိမ့်မယ်။
ကျွန်တော့်ဘဝကတော့ အဲဒီအရာကြီးကိုရင်ဆိုင်ချိန်တောင်မရှိခဲ့ဘူးလေ။
ဘာလို့လဲဆိုတော့ ကျွန်တော်ကသေဆုံးခဲ့ပြီလေ။

ကျွန်တော့်နာမည်က နေတခေတ်။
ကျွန်တော်မှာမိဘတွေမရှိတော့ဘူး။ ဦးလေးနဲ့အတူနေတယ်။ ဒါပေမဲ့ဦးလေးကစီးပွားရေးအတွက် ရုန်းကန်နေရတော့ ကျွန်တော့်ကိုဂရုမစိုက်နိုင်။ ပြောရမယ်ဆိုရင် ကျွန်တော်ကတစ်ကောင်ကြွက်နဲ့မခြားနားပေ။

ကျွန်တော့်ဦးလေးက ကျွန်တော်အတွက်လိုအပ်တာမှန်သမျှဖန်တီးပေးပေမဲ့ ကျွန်တော့်ကိုသေချာဂရုမစိုက်ပေးနိုင်ဘူးလေ။ ဒါကြောင့်ကျနော်ကိုဂရုစိုက်ပေးနိုင် မေတ္တာတရားပေးနိုင်တဲ့သူတစ်ယောက်ကိုတော့လိုချင်မိသား။

ကျွန်တော့်အကြောင်းကရိုးရှင်းပါတယ်။ ဦးလေးနဲ့နေရင်းနောက်ဆုံးနှစ်တက်နေတယ်။ ကျွန်တော့ရဲ့ပိုင်ဆိုင်မှုတွေကိုဖုံးကွယ်ပြီး ကျနော်ဦးလေးရဲ့ပိုင်ဆိုင်မှုပေါင်းများစွာထဲက
Mini markertတစ်ခုမှာ အချိန်ပိုင်းဝန်ထမ်းအလုပ်လုပ်နေတယ်။
ဘာလို့လဲဆိုရင်ကျနော်ရဲ့ပိုင်ဆိုင်မှုကိုတက်မက်ပြီး ကျနော်ကိုချစ်ပေးတာထက် ကျနော်ကိုစစ်မှန်တဲ့ချစ်ခြင်းနဲ့ချစ်တာကိုဘဲလိုချင်မိရုံပါ။

သူမလေးကိုတွေ့ရှိခဲ့တယ်။ သူမဆိုတာကျွန်တော့်ရဲ့အိပ်မက်နတ်သမီးပင်။ သူမကိုတစ်ဖတ်သက်မြတ်နိုးလာခဲ့တာ ပထမနှစ်ကျောင်းစတက်ထဲကပင်။

ကျွန်တော်ကျောင်းပြီးလို့ဘွဲ့ရပြီးရင် ဦးလေးရဲ့အမွေကိုဆက်ခံကာ သူမကိုဖွင့်ပြောမည်။ သူမနဲ့ဘဝတစ်ခုထူထောင်ကာ ရိုးရှင်းအေးချမ်းတဲ့ဘဝလေးဖြစ်အောင်ဖန်တီးမည်။

ကျွန်တော့်ရဲ့နတ်သမီးနာမည်က ကကြိုးပဒေသာတဲ့။ သူမကကျွန်တော်ရဲ့ဘေးမှာအမြဲတမ်း ကာကွယ်ပေးနေသူလေးပင်။ ဘာလို့လဲဆိုရင်ကျွန်တော်ကချမ်းသာမှုတွေကို ဖုံးကွယ်ထားခဲ့တော့လည်း ကျောင်းမှာအမြဲလိုလိုနှိပ်စက်ခံရတာပင်။ ဒါပေမဲ့ကျွန်တော်မမှုပါဘူး။ သူမကကျွန်တော်ဘေးမှာအမြဲရှိနေတာဘဲလေ။

Special System (or) Special ChanceWhere stories live. Discover now