Arc-1.3 နေရွက်လှေ / နေရွက်လှေ

4.9K 543 19
                                    

Unicode##

"ဧည့်သည်တွေဆိုလို့ဘယ်သူများလဲလို့မင်းကိုး နေရွက်လှေပြန်တွေ့ကြပြန်ပြီနော်"

"မင်းခန့်...မင်းခန့်ညား ဟဲဟဲ..မတွေ့တာ..ကြာပြီနော်"

"မနေ့ကတောင်ကျောင်းမှာတွေ့ပါသေးတယ် ပြီးတော့မမှတ်မိတာမမှားရင်မင်းရဲ့နေ့လည်စာကြောင့်ငါတော်တော်လေးခံခဲ့ရဖူးတယ်လေ"

"အဲဒီကိစ္စအတွက်ငါမင်းကိုတောင်းပန်ပြီးပြီ...ထင်တာဘဲ ဘာဘဲဖြစ်ဖြစ်ငါတောင်းပန်ပါတယ်ခန့်ညား"

အစကခပ်စွာစွာလေးပြောနေပြီးမှ သူ့အမေရဲ့မျက်စောင်းကြောင့် လေသံလေးပျော့သွားကာတောင်းပန်စကားပြောလာတဲ့ကောင်လေးက ယခင်နေ့များထက်ချစ်ဖို့ကောင်းနေသယောင်။ စိတ်အလိုမကျဟန်နဲ့ပါးလေးကိုဖောင်းပြီး နှုတ်ခမ်းလေးကိုဆူထားတဲ့ကောင်လေးကပီဘိကလေးငယ်လေးပင်။ ခန့်ညားရဲ့စိတ်ထဲတွင်မိမိရှေ့က ​ယခင်နေ့များထက်ပို၍ချစ်ဖို့ကောင်းနေသောကလေးငယ်အားကြည့်၍ ရင်ခုန်သံတို့ကဆုန်ပေါက်ကာ ဘေးပတ်ဝန်းကျင်မှလူများကြားသွားမှာကိုပင် စိုးရိမ်နေရသည်။

ခုန်နေသောရင်အားအသာထိန်းကာ ဟန်မပျက်အောင်စိတ်ကိုထိန်းချုပ်ထားသောခန့်ညားတစ်ယောက် ရှက်ရမ်းရမ်းကာ -

"အဟမ်းးးး အန်တီနဲ့အန်ကယ်အထဲဝင်ပါ အထဲမှာဒယ်ဒီနဲ့မာမီစောင့်နေပါတယ်"

"အင်းအဲဒါဆိုရင်အန်တီတို့အထဲဝင်နှင့်တော့မယ်နော် သားလေးခန့်ညားကိုတောင်းပန်ရမယ်နော် ပြီးတော့အရင်လိုဂျစ်ကန်ကန်ပုံစံမျိုးနဲ့မပြောရဘူးနော်"

"ဟုတ်မာမီ"

တိုးတိုးတိတ်တိတ်မှာနေသောမာမီကြောင့်လူကိုပို၍ငိုချင်လာနေပြီ။

(Host အားတင်းထားနော် ဇာတ်လိုက်ကိုမြူစွယ်ရဦးမယ်နော် Fighting ^_^)

*$ Systemလေးငါ့နားမှာမနေဘဲ ဘယ်အလေလိုက်မလို့လဲမသိဘူး ပြောလိုက်ရမကောင်းရှိတော့မယ်*

သူ့ရှေ့မှာဘာစကားမှမပြောဘဲ နှုတ်ခမ်းလေးကဆူလာလိုက် မျက်နှာလေးကဆူပုတ်သွားလိုက်ဖြစ်နေသောကလေးငယ်သည် သူ့ရှေ့တွင်မိမိရှိနေသည်ကိုပင် အမှတ်ရနိုင်ပေစွ။ ကလေးငယ်သတိထားမိအောင် ကလေးငယ်ရဲ့မျက်နှာရှေ့သို့တိုးကာ ခါးလေးကိုဖက်လိုက်တော့ တုန်တက်သွားတဲ့ခန္ဓာကိုယ်ငယ်လေးနဲ့ အလန့်တကြားမော့ကြည့်နေတဲ့မျက်ဝန်းငယ်တစ်စုံတို့ကြောင့် အသည်းယားကာပါးပြင်ပေါ်သို့ အနမ်းတစ်ချက်ပေးလိုက်မိသည်။

Special System (or) Special ChanceWhere stories live. Discover now