Arc-2.10 မိုယုလျန် / မိုယုလ်န္

3.3K 402 18
                                    

Unicode###

အကြောင်းစုံကိုရှင်းပြပြီးသောအခါ
အငိုတိတ်ပြီးကာစမျက်ဝန်းလေးများကထပ်မံနီရဲလာကာ
ပိုလို့ပင်တိုး၍ငိုရှိုက်လာသောဟွားဟွားကြောင့်
မော့ယွီဘာလုပ်လို့လုပ်ရမှန်းမသိတော့...။

"တိတ်ပါဟွားဟွားရယ်...အရမ်းမငိုနဲ့လေအရမ်းငိုရင်မောနေမှာပေါ့..."

"အူးဝါးးး...အဖေနဲ့အစ်ကိုတော်ဆီပို့ပေး...အိးဟီး..သူတို့ကို..သူတို့ကိုပြန်တောင်းပန်ရမယ်...ဟင့်..ယု..ယုလျန်ကိုလည်းတောင်းပန်ရမယ်...ပြန်ပို့ပေးဆို...ရွှတ်..."

"အွန်းပါဟွားဟွားရယ်...ကိုကိုကြီးလိုက်ပို့ပေးမယ်နော်...မငိုနဲ့တော့နော်...တိတ်တိတ်...လာညီလာခံခန်းမဆီသွားကြမယ်နော်..."

"ဟုတ်ကိုကိုကြီး...မား..! "

မော့ယွီချီဟွားရဲ့ကိုယ်ငယ်လေးကိုပွေ့ချီလိုက်တော့
ချီဟွားလန့်သွားတာကြောင့်မော့ယွီရဲ့လည်တိုင်ကို
လက်နှစ်ဖက်ဖြင့်အားကိုးတကြီးတွယ်နှောင်မိသည်။

"ကိုကိုကြီး..! ဘာလို့မပြောမဆိုနဲ့ချီရတာလဲလို့..! "

"ဟားဟားးးကိုယ်ဟွားဟွားကိုအရင်ကလည်းအခုလိုခဏခဏချီဖူးတာဘဲလေ...ဘာလို့အခုမှလန့်နေရတာလဲ...ဟင်.."

"ကိုကိုကြီးနော်..."

"ဟားဟားးးချစ်ဖို့ကောင်းလိုက်တာ..."

ရှက်ဝဲဝဲဖြစ်နေသောအဖြူရောင်ကောင်လေးသည်
သူ၏ပိုင်ဆိုင်သူဖြစ်သောအနှီယောကျာ်းထံတွင်
ဘဝတစ်ခုလုံးကိုပုံအပ်၍အငြိုးအာဃာတတို့မရှိတော့ဘဲ
ပျော်ရွှင်စွာဖြတ်သန်းရန်ရင်ထဲကနေ
သစ္စာပြုကတိထားလိုက်တော့သည်။

__________________________________

ထိုအချိန်ညီလာခံခန်းမအတွင်း၌သွေးအေးတိုက်ပွဲတိုက်ခိုက်နေကြသည်။ မင်းကြီး၏ယွဲ့လျန်ကရှန်းနှင့်လက်ထပ်သင့်ကြောင်းအမိန့်ကြောင့် သားအဖနှစ်ယောက်စကားနှင့်စစ်ထိုးနေကြသည်။

"ကျွန်တော်လက်မခံနိုင်ဘူးဖေဖေ..."

အကြံပေးအမတ် - "သားဘာဖြစ်လို့လဲ..ရှန်းကဘာလိုအပ်ချက်မှမရှိဘူးလေ.."

Special System (or) Special ChanceWhere stories live. Discover now