Arc-3.4 လီယို / လီယို

2.4K 307 13
                                    

Unicode##

လီယိုဖုန်းဝင်လာ၍ ဖုန်းခဏပြောနေလိုက်သည်။ ပြောပြီးတာနဲ့ ဟေးလေးရှိတဲ့အခန်းထဲကိုပြန်ဝင်လိုက်တော့ တစ်ခါတစ်ရံရေခဲမင်းသားလိုအေးဆေးလွန်းကာ တစ်ခါတစ်ရံဒေါသကြီးတတ်တဲ့ရိုနင်က ဟေးကိုဆေးသောက်ရန်ချော့မြူနေတဲ့ပုံစံသည် တစ်ခြားသူတွေအမြင်မှာတော့ မျက်လုံးထဲတွင်ကန့်လန့်ဖြစ်နေနိုင်သည်။ ဒါပေမဲ့လီယိုအတွက်တော့ သူတို့နှစ်ယောက်၏ပုံရိပ်လေးသည် အလွန်ချစ်ဖို့ကောင်းလွန်သည်။

ဟိုးငယ်စဥ်မိဘမဲ့ဂေဟာမှာထဲက တစ်ခြားသူများထက်နဂိုလီယိုနဲ့ ရိုနင်တို့အပေါ်တွင်သံယောဇဥ်ကြီးလွန်းသောဟေးသည် အခုတော့သူတို့စုံစမ်းနေရတဲ့နော့ဂ်ဂိုဏ်းနဲ့ပတ်သက်နေလေသည်။ ပြီးတော့အခုလီယိုရထားတဲ့Missionတွေနဲ့လည်း တစ်နည်းမဟုတ်တစ်နည်းသက်ဆိုင်နေနိုင်သေးသည်။

သက်ပြင်းမောကိုဖြေးဖြေးချကာ အခန်းထဲသို့ဝင်လာလိုက်တော့ မိမိကိုမြင်တာနှင့် ဆေးသောက်ရန်ငြင်းဆန်နေသောဟေးသည်  စောင်ပုံတွင်းသို့အတင်းတွန်းဝင်ကာ ကိုယ်လုံးသေးသေးလေးကို မရရအောင်ဖွက်နေလေသည်။ လီယိုလည်းခပ်ရေးရေးပြုံးကာ ရိုနင်ကိုကြည့်လိုက်တော့ ထူးမခြားနားသောကိစ္စရပ်တစ်ခုကို နှစ်ပေါင်းများစွာကြာမှပြန်ပြုမူနေရသော်လည်းစိတ်ရှုပ်နေဟန်လုံးလုံးမရှိပေ။

"ရိုနင်..."

လီယိုခေါ်တာကိုခေါင်းသာညိတ်ပြလာတဲ့ရိုနင်ကြောင့် ဖုန်ဆက်လာတဲ့ကိစ္စကိုအကျဥ်းချုပ်ပြီးပြောပြလိုက်သည်။

"မနက်ဖြန်တွေ့ဆုံပွဲ မဖြစ်ဖြစ်တဲ့နည်းနဲ့တက်ရမယ် မတက်ရင်လစာဖြတ်ခံရမယ် ပွဲတက်ဖို့အဝတ်အစားကို ဆေးရုံကိုပို့ပေးနေပြီတဲ့"

ဆေးခွက်ကိုခုံပေါ်တင်နေသောရိုနင်၏လက်များရပ်တန့်သွားကာ လီယိုကိုကြည့်လာသည်။ သူ့အကြည့်ကိုလီယိုနားလည်ပါသည်။ အခုမှပြန်တွေ့သောသူတို့နှစ်ဦး၏အသည်းညှာဖြစ်သော ဟေးကိုဘယ်လိုထားခဲ့ရမလဲဆိုသောအမေးပါတဲ့အကြည့်ပင်။ အလိုက်သိစွာပင်ရိုနင်ကို လီယိုအေးဆေးစွာပြန်ဖြေလိုက်သည်။

"ဟေးပါလိုက်လို့ရတယ် မရရင်လစာဖြတ်ချင်ဖြတ် မဟုတ်ရင်ထုတ်ပစ်လိုက်လို့ငါပြောလိုက်တယ် လက်ခံတယ်ခေါင်းဆောင်က"

Special System (or) Special ChanceWhere stories live. Discover now