Arc-2.6 မိုယုလျန် / မိုယုလ်န္

3.9K 404 11
                                    

Unicode##

ဇာတ်လိုက်နှင့်မိုယွဲ့လျန်ကဲ့သို့ပင်သက်တော်စောင့်ရှန်းကလည်းပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပင်။ ထိုယောကျာ်းသားသုံးဦး၏လက်ထဲကပန်းကုံးတွေကဘယ်မိန်းမပျို၊ ဘယ်ကောအချောအလှ၏လည်တိုင်ပေါ်သို့သက်ဆင်းမည်ကိုပွဲခင်းတစ်ခုလုံးကသိချင်နေကြပေသည်။ ထိုအထဲတွင်ရှန်းကမထင်မှတ်ထားတာကိုလုပ်လိုက်သည်ကြောင့်အားလုံးကမျက်လုံးပြူးသွားကြသည်။

ထိုသည်ကရှန်းရဲ့ပန်းကုံးကမိုယွဲ့လျန်ရဲ့လည်တိုင်ပေါ်သို့သက်ဆင်းသွားတာကြောင့်ပင်။ ထိုအတူမိုယွဲ့လျန်၏ပန်းကုံးကိုင်ထားသည့်လက်ကိုလည်းသူ့ဘာသာဆွဲယူကာလည်တိုင်ပေါ်သို့စွပ်စေလိုက်သောကြောင့်ပင်ဖြစ်သည်။ အဖြစ်အပျက်များကမြန်ဆန်လွန်းလှ၍ကာယကံရှင်ဖြစ်တဲ့မိုယွဲ့လျန်ရယ် ဘေးနားကကြောင်ကြည့်နေတဲ့မိုချီဟွားနှင့်မိုယုလျန်ရယ် ရုတ်ရက်ကြောင်အသွားတဲ့အကြံပေးအမတ်ကြီးရယ် ကြည့်ရှုသူပရိတ်သတ်အပေါင်းနှင့်သူ့ကိုယ်ရံတော်ရဲ့မြန်ဆန်မှုကိုအားကျနေတဲ့အိမ်ရှေ့စံရယ်ကိုတွေ့မြင်ရနိုင်သည်။

ပွဲခင်းတစ်ခုလုံးအပ်ကျသံတောင်မကြားရတော့အောင်တိတ်ဆိတ်ငြိမ်သက်သွားသည့်အချိန်တွင် ယုလျန်၏စိတ်ထဲကယောလေးကတော့သူ့Hostရဲ့ဟနေတဲ့ပါးစပ်ထဲသို့ယင်ကောင်အဖြစ်ဝင်ကာယင်ဥဥချင်နေတော့သည်။ ဇာတ်ပိုးကိုရိုက်ချင်နေတာကလည်းလက်ကခပ်ယားယားပင်။ ဒါပေမဲ့သူကတစ်ချက်ဆိုသူ့Hostကဆယ်ချက်လောက်ပြန်လုပ်နိုင်သည်ကိုသိတာကြောင့်စိတ်ကိုလျှော့၍ သူ့Hostကိုအသံလျော့၍ ကြိမ်နှုန်းတစ်ရာခန့်ရှိသောသူ့ရဲ့volumeဖြင့်အော်ခေါ်လိုက်သည်။

(Host..!!!!!)

(ဝါးးး..လန့်လိုက်တာယောလေးရယ်..ဘာလို့အဲလောက်တောင်အော်ရတာလဲဟ..ငါ့နားလေးတောင်ကန်းသွားပြီလားမသိဘူး..အူးဝါးပေပီရက်စက်)

*အမ်...ငါ့Hostဘယ်တုန်းကချွဲတတ်သွားတာတုန်း*
(Host..ကျွန်တော်အော်တာအဲလောက်မကျယ်ဘူး နော်..ပြီးတော့သတိလေးဘာလေးကပ်ဦး..ပါးစပ်ကဟနေတာယင်ကောင်တွေအုံလိုက်ဝင်လို့ရနေပြီ)

(အေးပါယောလေးရယ်..ငါ့ကိုအဲဒီလောက်မဖဲ့ပါနဲ့ကွာ..ဒါနဲ့ငါ့အစ်ကိုနဲ့ဟိုတစ်ယောက်ကဘယ်တုန်းကသိသွားတာတုန်း)

Special System (or) Special ChanceWhere stories live. Discover now