Arc-2.3 မိုယုလျန် / မိုယုလ်န္

4K 471 21
                                    

Unicode##

နျဥ်ရွဲ့ယန်သည်ပန်းပွဲတော်အတွင်းရှန်းနှင့်အတူလိုက်လံကြည့်ရှုနေရာ လှပသောပုံရိပ်လေးတစ်ခုကိုတွေ့လိုက်မိတာကြောင့် ထိုအရိပ်လေးနောက်မှထပ်ချပ်မခွါလိုက်နေမိသည်။ မန်ထိုဆိုင်၊လမုန့်ဆိုင်၊တုတ်ထိုးသကြားလုံးသည်တွေဆီကို ကောင်လေးတစ်ယောက်၏လက်ကိုဆွဲကာအပြေးလေးသွားနေပုံက ပီဘိကလေးလေးတစ်ယောက်ကဲ့သို့ပင်။ မျက်နှာဖုံးဝတ်ထားသော်လည်း နီစွေးသောနှုတ်ခမ်းပါးလေး ရီလိုက်တိုင်းပေါ်လာတဲ့သွားတန်းလေး အထူးသဖြင့်ဘယ်ဘက်ခြမ်းမှာရှိနေတဲ့သွားစွယ်ဖြူဖြူလေးတို့က အလှပေါ်အလှဆင့်ကာသိပ်ကိုလှပစေလွန်းနေသည်။

ထိုကောင်လေးနောက်ကိုလိုက်မှန်းမသိလိုက်နေမိသော်လည်း ညကျရင်ပေးရမဲ့ပန်းကုံးကိုတော့ထိုကောင်လေးကိုသာပေးရန် စိတ်ကူးလိုက်တော့သည်။ ထိုအချိန်မှာထိုကောင်လေးကမျက်စိရှေ့ကနေ လမ်းပေါ်မှာတွန်းရောင်းနေသောအသားချောင်းသည်နောက်ပြေးသွားသည်ကိုတွေ့လိုက်သည်။ ထိုအရိပ်လေးပြေးသွားသောနေရာသို့တွန်းလှည်းတစ်စီးကဖြတ်ဝင်လာသည်ကိုတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ထိုကောင်လေးရဲ့အရှေ့ကိုရောက်မှန်းမသိရောက်သွားမိကာ ထိုကောင်လေးလက်ကိုဆွဲယူပြီးခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ထဲဆွဲသွင်းထားလိုက်မိသည်။ ပါးစပ်ကနေလည်း ကလေးငယ် ဟုဆိုကာရေရွတ်လိုက်မိသေးသည်။

ဘာအကြောင်းကြောင့်ကလေးငယ်ဟုခေါ်မိသည်ကိုမသိသော်လည်း ထိုကောင်လေးတစ်ခုခုဖြစ်သွားမည်ကိုတော့မလိုလားပေ။ ရုတ်တရက်ကောင်လေးရဲ့လက်ကိုဆွဲပြီးရင်ခွင်ထဲဆွဲသွင်းမိတာကြောင့် အရိပ်လေးရဲ့နဖူးလေးကမိမိရဲ့ရင်ဘတ်နဲ့တိုက်မိကာ နာသွားပုံရသည်။ အလိုမကျဟန်ဖြင့်နှုတ်ခမ်းသေးသေးလေးဆူထွက်လာပြီး အသံသေးသေးလေးပင်ထွက်လာကာမိမိညီငယ်ကထကြွလာသည်ကိုခံစားမိသည်။ ထိုကောင်လေး၏မျက်နှာလေးမော့လာတဲ့အခါမှာတော့ အပြာရောင်သန်းနေသောမျက်စံ​လေးနဲ့မျက်ဝန်းလုံးလုံးကြောင့် လုံးဝထိန်းမချုပ်ရနိုင်သလိုပင်ဖြစ်သွားခဲ့သည်။

ယုလျန်တစ်ယောက်မိမိဝင်တိုက်မိသောအရာကိုမော့ကြည့်မိလိုက်မိတော့ -

Special System (or) Special ChanceWhere stories live. Discover now