Arc-1.2 နေရွက်လှေ / နေရွက်လှေ

5K 516 40
                                    

Unicode##

ရွက်လှေတစ်ယောက်ဒယ်ဒီနဲ့မာမီရှေ့မှာ အပြတ်အသတ်သရုပ်ဆောင်ပြီးနောက် အခန်းထဲသို့ပြန်လာလိုက်သည်။ အခန်းထဲရောက်တာနဲ့ ခုနကအားငယ်နေတဲ့မျက်နှာနဲ့မတူကွဲပြားစွာ ဟားတိုက်ကာလှောင်ရယ်နေတော့သည်။

(ငါသရုပ်ဆောင်တာပီပြင်တယ်မဟုတ်လားယောလေး)

(Hostကအရင်ဘဝတုန်းကများကျောင်းတက်ရင်းသရုပ်ဆောင်အလုပ်များခိုးလုပ်ခဲ့လားဟင်)

(ဟားဟား...ငါကခိုးလုပ်စရာလားကွ ငါသာမင်းသားဖြစ်ရင် တစ်ခြားမင်းသားတွေထိုင်ငိုနေမှာစိုးလို့မလုပ်ခဲ့တာကွ)

Systemလေးခမျာ သူ့ရဲ့Hostလေးကြွားလုံးများကြား ပိလို့ကာနေတော့သည်။

(ဟုတ်ပါပြီHostရယ်) [ကောင်းကင်အရှင်ကြောင့်သာမဟုတ်ရင် ဒီHostကိုတစစီလုပ်ပစ်တယ် ဂါးးးဘယ်လိုသတ္တဝါလေးမှန်းမသိဘူး]

(ဒါနဲ့ယောလေး ဇာတ်လိုက်ကအခုဘယ်မှာလဲ)

(သူ့အိမ်မှာရှိမှာပေါ့)

ရုတ်တရက်ကြီးစိတ်ကောက်သလိုပြောနေတဲ့ယောလေးကြောင့် ရွက်လှေခေါင်းပေါ်၌မေးခွန်းသင်္ကေတများပေါ်ပေါက်လို့လာတော့သည်။ (???)

(ယောလေး မင်းငါ့ကိုစိတ်ကောက်သွားတာလား)

(စိတ်ကောက်ရအောင်ကျွန်တော်ကမိန်းကလေးမဟုတ်ဘူးဗျ)

(အေးပါအေးပါ ငါဘာမှားမှန်းမသိပေမဲ့တောင်းပန်ပါတယ်ကွာ ဟုတ်ပြီလားမကောက်နဲ့တော့ ငါမချော့တတ်ဘူး)

(ဟူးးး ဇာတ်လိုက်ကအခုသူ့အိမ်မှာပါ မနေ့ကနဂိုပိုင်ရှင်ကဇာတ်လိုက်စားမဲ့နေ့လယ်စာထဲ ဝမ်းနုတ်ဆေးထည့်လိုက်လို့ ဇာတ်လိုက်ဒီနေ့ကျောင်းမသွားနိုင်ပါဘူး Host)

(ဝိုးးး နဂိုပိုင်ရှင်ကလက်စပြင်းလှချည်လား ကောင်းပြီလေယောလေးဇာတ်လိုက်ကိုစောင့်ကြည့်ထား ငါလုပ်စရာရှိတယ်)

(ဟုတ် Host ကျွန်တော်စောင့်ကြည့်ထားပါမယ် ဒါနဲ့Hostကဘာလုပ်စရာရှိလို့လဲ ဒီနေ့ကျောင်းလဲမသွားတော့စာလုပ်စရာလဲမရှိဘူးလေ)

(ငါလုပ်မှာကအိပ်မလို့ ငါအိပ်ချင်နေတယ် ဘာမှလာမပြောနဲ့တော့)

Special System (or) Special ChanceWhere stories live. Discover now