First Person For U [ 30]

1.4K 280 27
                                    

ဘဝမှာ ပထမဆုံး ခိုးမှုလေး ပြစ်မှုမြောက်ဖူးပြီ ။ ပိုင်
ရှင်မသိအောင် တိတ်တိတ်ကလေး ခိုးယူမိသည့် အ
နမ်းတပွင့် ။ သူငယ်ချင်းဆိုသည့် စည်းကလေးကို
တတိတိဖြတ်ကျော်မိတော့ ချစ်ခြင်းမေတ္တာဆိုသည့်
နယ်စပ်ကလေးသို့ ရောက်သည် ။လုံးလုံးလျားလျား
တိုးဝင်မိသွားသည့်အခါ ပြန်ထွက်သည့်လမ်း မရှိ
သည့်အတိုင်း သူတဝဲလည်လည်။ တိုးတိုးတိတ်တိတ်
လေး ပျော်ဝင်မိပြီး နူးနူးညံ့ညံ့လေး ခံစားမိသည် ။
သူသည် ဒီရပ်ဝန်းလေးထဲ ပျော်မွေ့နေမိသည် ။ ရင်
ထဲ ဗလောင်ဆူနေပြီး မီးတောက်သဖွယ် ပူလောင်
နေခဲ့ပြီး သူက အနမ်းတပွင့် ခိုးယူမိခဲ့သည် ။ သတ္တိ
ကို  အကြိမ်အကြိမ်အခါအခါ ရဲဆေးတင်ပြီး တဒုန်း
ဒုန်း ဆင့်ကာဆင့်ကာ ခုန်နေသည့် နှလုံးသားအလို
ဆန္ဒအတိုင်း ။ သူကတော့ သူငယ်ချင်းလေးအပေါ်
ချစ်ခြင်းဆိုသည့် ကြိုးလေးဖြင့် ရစ်ပတ်နေမိသည် ။

ဂဏန်းကောင်လေးကတော့ဒါကိုသိလိမ့်မည်မဟုတ်။

ညက မူးမူးရူးရူးနဲ့ ဝရုန်းသုန်းကား အိပ်ပျော်သွားခဲ့ကြ
ပြီး နိုးလာတဲ့မနက်ခင်းမှာတော့ အားလုံးက အလဲလဲ
အပြိုပြိုပဲ ၊ ကြွက်မိသားစုလိုက် အသိုက်ထိုးနိုင်သည့်
ဆံပင်ပုံစံနှင့် ကင်ဂျုံအင်ပုံစံက တော်တော်လေး ညစ်
တီးညစ်ပတ်နိုင်သည် ။ မပွင့်တပွင့် မျက်လုံးတွေဖြင့်
မျက်မှန်တလက်ကို စမ်းတဝါးဝါးလိုက်ရှာနေသည့်
ကျန်းရီရှင်းကလဲ ကြမ်းပြင်ပေါ်မှာလေးဘက်ထောက်
လျှောက်သွားနေသည် ။ ဘတ်ဟျွန်းကတော့ ဆိုဖာ
ပေါ်မှာ ဆန့်ဆန့်ကြီး လှဲအိပ်နေတုန်း ။ မဟုတ်တာ
လုပ်ထားမိသည့် ချန်းယောလ်ကတော့ မလုံမလဲ မဝံ့
မရဲစိတ်ဖြင့် နံရံကိုလျော့တိလျော့ရဲ မှီထိုင်နေကာ
မျက်လုံးတွေကတော့ ဘတ်ဟျွန်းဆီ ခိုးခိုးကြည့်၏ ။

" အမူးပြေ ဟင်းရည်တွေ လုပ်ပေးပါဦး ဟင်းရည် "

ကြမ်းပြင်ပေါ် ဆန့်ဆန့်ကြီးပြန်လှဲအိပ်နေရင်း ဂျုံအင်
ကတော့ နားညီးစရာကောင်းအောင် အော်နေပြန်တာ
ကို တစ်ဦးတယောက်ကမှ အထူးတလည် ဂရုစိုက်မ
နေကြဘူး ။ ဘယ်သူကများ ထလုပ်ပေးနိုင်မှာလဲ ။
အကုန်လုံးက သူ မသာဆို ကိုယ်က အသုဘကြီးပဲ ။
ကိုက်ခဲနေတဲ့ ခေါင်းတွေနှင့် မကြည်မလင်ဖြစ်နေ
သည့် နှောက်ကျိနေတဲ့ စိတ်တွေကြောင့် ထတောင်
မထနိုင်ကြဘူး ။ နောက်ဆုံးတော့ ရီရှင်းက မျက်မှန်
ကို ရှာတွေ့သွားသည် ။

First Person For U Where stories live. Discover now