First Person For U [ 23 ]

3.3K 572 45
                                    


ဒီနေ့မနက်  ကားမှတ်တိုင်တခုမှာ အမှတ်မထင် ဆရာရီဘင်းနဲ့ တည့်တည့်သွားတိုးတော့ ထုံးစံအတိုင်း ဆရာက ခပ်ရေးရေးအပြုံးတပွင့်နှင့်မို့ နူတ်ဆက်
ဖြစ်သွားသည် ။ ဒီရက်ပိုင်း ကားပျက်နေလို့ ဘတ်စ်
ကား စီးဖြစ်နေတဲ့အကြောင်း စကားစ,ပြောလာပြီး
စကားတွေက ဟိုဟိုဒီဒီ ရောက်တော့သည် ။ ဂစ်တာ
အိတ်ကိုလွယ်ပြီး  ကြည့်ကောင်းတဲ့ ချန်းယောလ် ကို
ဘတ်စ်ကား စောင့်နေကြတဲ့ မိန်းကလေး တချို့က
မသိမသာခိုးကြည့်ကြရင်း  တီးတိုးစကားပြောနေသံ
တွေကို  ချန်းယောလ် ကိုယ်တိုင်က ကြားနေရပေမဲ့
မသိသလို နေ,နေသည်ကို ဆရာရီဘင်းက တီးတိုး
ရယ်သည် ။

"  တက္ကသိုလ်ရောက်ရင် မင်း သဘောကျတဲ့အတိုင်း
လုပ်ခွင့်ရပါပြီကွာ  စိတ်ကြိုက် သီချင်းတွေရေးပစ် "

ချန်းယောလ်က နူတ်ခမ်းတွန့်ရုံ ပြုံးသည် ။ သူ စကား
နည်းတာကို သိနေတဲ့ ဆရာရီဘင်းကတော့ သူကိုယ်
တိုင်ပဲ ဦးဆောင်ပြီး စကားတွေ အများကြီးပြောသွား
သည် ။ ဆရာရီဘင်း စကား သုံးခွန်းမှာ ချန်းယောလ်
ဘက်က တခွန်းလောက်သာ ။ ဒါတောင် အင်း, တစ်
လုံးထက် ပိုမလာခဲ့ပါ ။

"  ဘတ်ဟျွန်းနဲ့ကော အဆက်အသွယ်ရလား  "

" ရပါတယ်  အောင်စာရင်းထွက်ပြီးရင် ပြန်လာမယ်
လို့တော့ပြောတယ်  "

ဘတ်ဟျွန်းအကြောင်းစ,မေးတော့မှ စကားရှည်ရှည်
စပြောလာတာမို့ ဆရာရီဘင်းက အပြုံးသဲ့သဲ့နှင့် ချန်း
ယောလ် ဘက်ကို ခေါင်းစောင်းကာ ကြည့်လာသည်။

"    ကျွန်တော်  သွားတော့မယ်   "

ထိုးဆိုက်လာတဲ့  ဘတ်စ်ပေါ် တက်သွားတဲ့ ချန်း
ယောလ်ကို ကြည့်ပြီး ဆရာရီဘင်းကတော့ မျက်နှာ
ထက် အပြုံးတွေ ပျောက်ကွယ် မသွားသေးဘူး ။
ဘတ်ဟျွန်းအကြောင်းမေးမှ သူ့ကို အဖက်လုပ်စကား
ပြောသွားတဲ့ ချန်းယောလ်ကို သူ သဘောကျမဆုံး ။
သူတို့လေးတွေ  အထက်တန်းအောင်ပြီး တက္ကသိုလ်
တူတူ တက်ခွင့်ရရင်  သိပ်ကောင်းမည် ။

" ဒီကလေးတွေကတော့ကွာ "လို့သာ တီးတိုးရေရွတ်
ရင်း   နောက်ထပ် ထိုးဆိုက်လာတဲ့ ဘတ်စ်ပေါ်တက်
သွားလိုက်တော့သည် ။

First Person For U Where stories live. Discover now