First Person For U [ 20]

2.5K 578 55
                                    


ပိတ်ရက်မှာတောင် ဘတ်ဟျွန်းဆီမှာ ခြေချုပ်မိနေတဲ့
ချန်းယောလ်က မြောက်မြားများစွာသော အိမ်စာတွေ
ကြား  ခေါင်းငိုက်စိုက်ကျရသည် ။ မျက်နှာချင်းဆိုင်
မှာ အာလူးကြော် တကြွပ်ကြွပ်စားရင်း စာတွက်နေတဲ့
ဘတ်ဟျွန်းကို  ချန်းယောလ်  မသိမသာ မျက်လုံး
လှန်ကြည့်လိုက်သည် ။ ဘတ်ဟျွန်းကတော့ သူ့ဈာန်
နှင့်သူ  စိတ်ပါလက်ပါ  စာထိုင်တွက်နေသည် ။ ပျင်း
ရိပြီး ခါးတွေပင် ညောင်းညာလာတော့ ချန်းယောလ်
လက်ထဲက ဘော့ပင်ကို ချပြီး ခါးဆန့်လိုက်တော့မှ
အကြည့်ရောက်လာတော့သည် ။  လက်တဖက်က
စာတွက်ရင်း  လက်တဖက်က နှိုက်စားမပြတ်တဲ့ အာ
လူးကြော်ထုပ်က နောက်ဆုံးတော့ ကုန်သွားပြီ ။ စ
ကားမပြောဖြစ်ကြဘဲ  တိတ်ဆိတ်နေတဲ့ အချိန်မှာ
စာရွက်လှန်သံတွေအပြင် ၊ အာလူးကြော် အိတ် နှိုက်
တဲ့အသံ နဲ့ တကြွပ်ကြွပ်ဝါးနေတဲ့ အသံပဲ ထွက်လာ
နေခဲ့တာ ။

"   ပြန်တော့မှာလား   ညနေလာဦးမှာလား  "

     "   အင်း  "

" အပြန်ကျ ခေါက်ဆွဲနှစ်ထုပ်လောက် ဝင်ဝယ်လာခဲ့
ပါလား  ချန်းယောလ် အာလူးကြော်ကော "

ချန်းယောလ် ပြောလိုက်တဲ့ အင်း ဆိုတာက ပြန်တော့
မှာလားဆိုတဲ့ မေးခွန်းကို ဖြေလိုက်တဲ့ အဖြေ ဖြစ်ပေ
မဲ့ ဘတ်ဟျွန်းကတော့ ညနေလာဦးမှာလား ဆိုတဲ့ စ
ကားအတွက် အဖြေလို့ပဲ မှတ်ယူကာ တတွတ်တွတ်
မှာတော့သည် ။  လွယ်အိတ်ကို ဆွဲယူလိုက်ပြီး အိမ်
ထဲက ထွက်လာတော့ နောက်ကပါလာပြီး ခြံဝတံခါး
ကို လိုက်ဖွင့်,  သော့ခတ်သည် ။ ချန်းယောလ်က သွားစရာရှိတယ်ဆိုတော့ ဘတ်ဟျွန်းက စက်ဘီးထား
ခဲ့ခိုင်းတာမို့ အိမ်ပြန်မထားဖြစ်ဘဲ ဘတ်ဟျွန်းရဲ့အိမ်
ဘေးမှာပဲ ထားခဲ့ရသည် ။

ဒီနေ့ည သီချင်းဆိုဖို့ ပွဲတပွဲရှိတာမို့ ချန်းယောလ်က သူ့အဖွဲ့တွေ ရှိရာဆီ လာခဲ့လိုက်သည် ။ အဖွဲ့က သူ
ငယ်ချင်းရဲ့ သူငယ်ချင်းအရင်းတယောက် မွေးနေ့
ကြောင့် သူတို့တွေတီးဝိုင်း သွားဆိုဖြစ်သည် ။ အကြာ
ကြီးတော့  မဟုတ် ။ မိန်းကလေး သူငယ်ချင်း မို့
ဟိုကောင်တွေကလဲ  မပြန်ချင် ။ မိန်းကလေး တော်
တော်များများနဲ့ စကားပြောပြီး ရယ်လိုက် မောလိုက် ၊
ဖုန်းနံပါတ်ချင်း ဖလှယ်လိုက်နှင့် အချိန်ကကြာနေပြီ ။

First Person For U Donde viven las historias. Descúbrelo ahora