ဒီကနေ့တော့ ကင်ဂျုံအင်၏ပြသာနာကိုရှင်းမှဖြစ်မည်။
သုံးရက်တခါလောက် မျက်နှာမှာအညိုအမည်းဖြစ်နေ
သည့် နေ့ရက်တွေက စိပ်လာသည်။ သူတို့အားလုံး ဒီ
အတိုင်းကြည့်ပြီး အကဲခတ်နေရုံနှင့် မဖြစ်တော့သည့်
အခြေအနေကိုရောက်လာပြီ ။ ပျော်ပျော်နေတတ်ပြီး
စ,နောက်တတ်သည့် ဂျုံအင့်မှာ သူတို့အားလုံးကိုမသိ
အောင် ပိပိရိရိသိုဝှက်ထားသည့် ကိစ္စတစ်ခုရှိရမည် ။
သူတို့အားလုံးရှေ့မှာတော့ ပျော်ပျော်နေပြတတ်ပြီး ၊
ရယ်မောနေတတ်သည့် ဂျုံအင်က နောက်ကွယ်မှာ
တော့ အကြောင်းအရင်းတခုခု ရှိနေတာကို သူတို့ မ
သိအောင် ထိန်းချန်ထား၏ ။ သူတို့တွေက စစ်မှန်
သည့် ဆက်ဆံရေးတွေနှင့် ကောင်းမွန်တဲ့သံယောဇဉ်
တွေ ရှိကြသူတွေ ။ တယောက်နဲ့တယောက် ဆဲဆို
နေတတ်ပေမဲ့ စိတ်ရင်းကတော့ စစ်မှန်ကြသူတွေ ။
ပြေးကြည့်မှ ဒီသူငယ်ချင်းလေးယောက်ရှိတာကို ဘာ
ကြောင့်များ တယောက်ထဲကြိတ်ပြီး နေနေခဲ့တာလဲ။" အိုကေ မင်းတို့ကိုကြည့်ရတာ ဒီနေ့မှ ငါမပြောပြရင်
မဖြစ်တော့တဲ့ရုပ်တွေ ကောင်းပြီလေ ပြောပြပါ့မယ်
ကွာ မင်းတို့မျက်နှာကြီးကို ကြောက်စရာကောင်း
အောင် သုန်မှုန်ပြမထားပါနဲ့ ဟဟား ငါ့ကောင်တွေ "ကျန်းရီရှင်းက လက်ခလယ်ကိုထောင်ပြပြီး ဆဲလိုက်
တာက မေမေ့သားအလိမ္မာလေး မဟုတ်တော့ဘူး ။
ပတ်ချန်းယောလ်ကတော့ ကင်ဂျုံအင်ကို စိုက်ကြည့်
နေပြီး ကြည်လင်နေတဲ့ပုံစံနဲ့တော့ ဟုတ်မနေပါဘူး ။
ဗြောင်ဘတ်ဟျွန်းကတော့ နားထောင်ဖို့ အသင့်ရှိနေ
ပြီး ကင်ဂျုံအင် ထ,ဖောက်လာတာနဲ့ ရိုက်ပစ်ဖို့အသင့်
ရှိနေ၏ ။ သူတို့အားလုံးက ဂျုံအင်ရဲ့ အရှေ့မှာ ရုပ်
တည်ကြီးတွေနဲ့ ကလေးတယောက်ကို ဆူဖို့ လုပ်နေ
ကြသလိုပဲ ။ ကင်ဂျုံအင်ကတော့ စပ်ဖြီးဖြီးပဲ ။" ငါ့အဖေက ကင်ဒယ်ဂျွန် "
" ဘာကြီး ကင်ဒယ်ဂျွန် စောက်ခွက်မပြောင်နဲ့နော်
ဟေ့ကောင် စကားကို ကောင်းကောင်းပြော "" ငါ မနောက်ပါဘူး အတည် "
ကင်ဂျုံအင်၏ ဖခင်သည် တော်တော်လေး ချမ်းသာတဲ့
လူတယောက် ။ ကျောင်းရှေ့နားက ဆိုင်ကြီးက သူ
တိုပိုင်ဆိုင်မှု့ ထဲက တစ်ခု ။ မနီးမဝေးက ဟိုတယ်
အပါအဝင် ပို်င်ဆိုင်မှုတွေမနည်း ။လူသိများတဲ့သူဋ္ဌေး
တစ်ဦးမို့ နာမည်ကြားရုံနဲ့တင် တန်းသိသည့် လူမျိုး ။
နေစမ်းပါဦး။ ဒါ ဒါဆို ကင်ဂျုံအင်က သူဋ္ဌေးသား ။