First Person For U [ 13 ]

2.7K 559 31
                                    


တယောက်ထဲနေတဲ့  ဘတ်ဟျွန်းရဲ့အိမ်လေးက သပ်
ရပ်ပြီး  တိတ်တိတ်ဆိတ်ဆိတ်ပင် ။ ဧည့်ခန်းလိုလို
အခန်းမှာ TV တလုံးနှင့် ဆိုဖာ တလုံး သာ ရှိသည်။
ခဏ ထိုင်ဦးနော် လို့ ဆိုဖာပေါ် ထိုင်စေဟန် လက်ပြ
ပေးထားခဲ့ပြီး  ဘတ်ဟျွန်းကတော့ သူ့အိပ်ခန်းလို့
ထင်ရတဲ့  အခန်းလေးထဲ ဝင်သွားတော့ ချန်းယောလ်
တယောက်  ဆိုဖာပေါ်ထိုင်လိုက်သည် ။ အိမ်ထဲကို
ဝေ့ဝဲကြည့်လိုက်တော့  အတိုင်းသား မြင်နေရတဲ့ နေ
ရာက ချက်ပြုတ်တဲ့ မီးဖိုခန်းနှင့် ထမင်းစား စားပွဲပင်။
အိမ်လေးက ကျဉ်းတော့ကျဉ်းပေမဲ့ တယောက်ထဲအ
တွက်တော့  ကောင်းကောင်းနေနိုင်တဲ့ အနေအထား
ဖြစ်သည် ။ အိမ်တွင်းပရိဘောဂပစ္စည်းက အများအ
စားတော့  သိပ်ရှိမနေဘူး ။

အခန်းထဲက ပြန်ထွက်လာတဲ့  ဘတ်ဟျွန်းက လက်
ထဲမှာ  စာကြည့်ခုံလေးတလုံးကို မ,ယူလာပြီး ဆိုဖာ
ရှေ့ နေရာကျယ်လေးမှာ ချလိုက်သည် ။ စာကြည့်ခုံ
လေးပေါ်မှာ  စီရီတင်ထားတဲ့  စာအုပ် သုံးလေးအုပ်
က အထပ်လိုက်ရှိနေသေးသည် ။ ဘတ်ဟျွန်းက စာ
ကြည့်ခုံ၏ ဘယ်ဘက်မှာ နေရာယူ တင်ပျဉ်ခွေ ဝင်
ထိုင်လိုက်သည် ။

"  လာလေ ဒီနေရာမှာ စာလုပ်လို့အဆင်ပြေတယ်
မလား  ဒီနေရာလေးပဲ ကျယ်ကျယ်ဝန်းဝန်းရှိတော့ "

အားနာပါးနာနဲ့ ဘတ်ဟျွန်းက မချင့်မရဲလေး ပြော
တော့  ချန်းယောလ်က ကပြာကယာ ဘတ်ဟျွန်းနဲ့
မျက်နှာချင်းဆိုင်မှာ တင်ပျဉ်ခွေ ဝင်ထိုင်လိုက်သည်။
ပါးစပ်က ထုတ်မပြောပေမဲ့  အဆင်ပြေပါတယ်လို့
ပြောလိုက်တဲ့ ပုံစံမို့ ဘတ်ဟျွန်းက ပြုံးသည် ။ လွယ်
အိတ်ထဲက စာအုပ်တအုပ် နဲ့ ဘော့ပင်တချောင်းထုတ်ပြီး  စာကြည့်ခုံပေါ် တင်လိုက်တဲ့ ချန်းယောလ်ကို
ဘတ်ဟျွန်းက ပြုံးစစလေးနဲ့ လိုက်ကြည့်သည် ။

" အဟမ်း    တနာရီလောက်  အချိန်ရတယ်   "

ဘတ်ဟျွန်းက စာရွက်ကို စလှန်လိုက်ပြီး ချန်းယော
လ်ကို ရှင်းပြရမည့် အခန်းကိုမေးတော့ အူကြောင်
ကြောင်နဲ့ စာကျက်ဝိုင်းမှာ ရှင်းပြပေးတဲ့ အခန်းအပြင်
တခြားဘယ်အခန်းကိုမှ  သူမရပါဘူးတဲ့ ။ အံ့သြသွား
တဲ့  ဘတ်ဟျွန်းက ပါးစပ်အဟောင်းသား ဖြစ်တော့
ချန်းယောလ်က အူကြောင်းကြားလုပ်ပြီး မျက်လုံးတွေ
က ဟိုရွေ့ ဒီရွေ့ လုပ်၏ ။

First Person For U Where stories live. Discover now