First Person For U [ 29 ]

2.3K 441 34
                                    


" ကင်ဂျုံအင်က မင်းသူငယ်ချင်းမလား ချန်းယောလ်
ဘောလုံးကွင်းဘေးမှာ ဂျီမင်းတို့အဖွဲ့နဲ့ ရန်ဖြစ်နေတာ
အကြိတ်အနှယ်ပဲ   သုံးယောက် တစ်ယောက်နော်  "

ဖိုက်တာကောင်ပဲ ဆိုပြီး တဟားဟား ရယ်သွားတဲ့
အတန်းထဲက ကောင်ကို ပြေးထိုးလိုက်ချင်ပေမဲ့
လွယ်အိတ်ဆွဲပြီး  ဘောလုံးကွင်းဘက်ကို ခြေသုတ်
တင်ရတော့သည်  ။  သူတောင်းစားက ကော်ဖီပူပူ
လေး တခွက်သွားဝယ်တာ ထိုးပွဲတွေအထိတောင်
ဖြစ်နေလိုက်သေးတယ် ။ ပြီးတော့လဲ သုံးယောက်
တစ်ယောက်တဲ့ ။တကယ့် ပြသာနာပဲ ကင်ဂျုံအင်ရေ၊
ချန်းယောလ် ရောက်သွားတော့ ပွဲကတော်တော်စည်
နေတာမှ ဝိုင်းကြည့်နေတဲ့ လူအုပ်က အစုလိုက်၊အဖွဲ့
လိုက်ပဲ ။ လူအုပ်ကြားထဲ တိုးဝှေ့ ဝင်သွားလိုက်တော့
သုံးယောက် တစ်ယောက်မို့ အခြေအနေမလှနေတဲ့
ကောင်ကို  မျက်ခွက်မှာ အထိနာထားတဲ့ အမှတ်အ
သားအပြည့်နဲ့ တွေ့လိုက်ရတော့သည် ။

"  ချီးလိုပဲကွာ  စောက်ခွက်က ဒဏ်ရာအပြည့်နဲ့ "

တကိုယ်တည်း ရေရွတ်ရင်း သူ ရှေ့ထွက်သွားလိုက်
တယ်  ။ မြေကြီးပေါ်မှာ လှဲနေတဲ့ ကင်ဂျုံအင်ရဲ့ရှေ့
မှာ ဂျီမင်ဆိုတဲ့ကောင်က ဘောင်းဘီအိတ်ကပ် နှစ်
ဖက်စလုံးထဲ  လက်ထည့်ထားကာ ၊ မတ်တပ်ရပ်နေ
တယ်  ။  ဂျုံအင်ရဲ့ရှေ့မှာ ထိုင်ချလိုက်တာ ၊ ဂျုံအင်
ရဲ့ ကော်လံကို  ဆောင့်အဆွဲ  ၊ ရှည်လျားတဲ့ ခြေတံ
က သူ့ညာဘက် ပုခုံးကို အရှိန်ပြင်းပြင်း ဆောင့်ကန်
လာတော့၏  ။  နောက်ကို ဖင်ထိုင်လျက်သား ပစ်ကျ
သွားရုံတင်မက ၊ ပက်လက်ပါလန်ချသွားတော့သည်။

"   ဘယ်ခွေးကောင်လဲကွ "

လှဲကျနေတဲ့  ဂျုံအင်ရှေ့ကို လက်တဖက်က ကမ်း
ပေးလာ၏ ။ ဂျုံအင် မော့ကြည့်လိုက်တော့ သကောင့်
သားက မျက်ခုံးပင့်ပြလာတယ် ။ ကမ်းပေးနေတဲ့
လက်ကို ကိုင်လိုက်ပြီး ဂျုံအင် တစ်ယောက် မတ်တပ်
ထရပ်လိုက်တော့သည် ။ ဒီလိုဆိုတော့ သုံးယောက်
နှစ်ယောက်ပေါ့ ။

"  ကင်ဂျုံအင်တောင် သူငယ်ချင်းရလို့ပါလား ဟား
သုံးယောက် နှစ်ယောက်နော် တကယ်အဆင်ပြေရဲ့
လား  ငါတ်ို့က သနားလို့ ညှာပေးမှာတော့ မဟုတ်
ဘူးနော်  ငါ့ညီလေးရေ ဂျုံအင်ရေ "

First Person For U Where stories live. Discover now