First Person For U [ 2 ]

1.5K 199 1
                                    

First Person For U

မင်းက သိပ်ကို ထူးခြားတဲ့သူ တစ်ယောက်ပါ

_______________________________________________

                   Chapter “Two”

“ နောက်နှစ်ပါတ်အတွင်း လုပ်မဲ့ ကျောင်း အနှစ် (၅၀) ပြည့်ပွဲကို သိထားကြတယ်မလား ၊ အဲ့အတွက် ပွဲမှာ ဆရာတို့က ကျောင်းဂုဏ်ပြုသီချင်းကို ဆိုပေးရမယ် “

ဒုတိယရက်မှာ အတန်းပိုင်ဆရာ သယ်လာတဲ့ သတင်းဟာ သီချင်းဆိုဖို့ ဖြစ်နေခဲ့သည် ။ ကျောင်းသား/ သူတွေရဲ့ ဟာခနဲ ညဉ်းတွားသံတွေက တစ်ယောက်တစ်ပေါက် နဲ့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာသည် ။

“ ပျင်းစရာကြီး အချစ်သီချင်းဆို တော်သေးတယ် “

“ ဆရာဗျာ လုပ်လာပြန်ပြီလား ဒီသီချင်းတွေ “

“ ငါက မင်းတို့ကို သင်ပေးရမှာကိုလဲ အားနာပေးကြဦး
မင်းတို့ချည်းပဲ ညည်းပြမနေနဲ့ ငါ့ဖို့လဲ ထားကြဦး “

ဆရာရီဘင်းနဲ့ သူ့တပည့်တွေက အပြန်အလှန် ပြောနေကြပြီး စာသင်ခန်းက ဆူညံ ပွက်လောရိုက်နေတော့သည် ။ တခြား သီချင်း မဟုတ်ဘဲ
ကျောင်းဂုဏ်ပြုသီချင်းဖြစ်နေတော့ ပိုဆိုးကြသည်။
ဆရာရီဘင်းကတော့ ဒီသီချင်းအတွက် တက်တက် ကြွကြွ ဦီးဆောင်ပြီး သင်ကြားပေးဖို့ ရယ်ဒီ ဖြစ်နေတော့၏။

“ဒီသီချင်းအတွက် ဆရာက မင်းတို့သူငယ်ချင်း  ပတ်ချန်းယောလ်ကို အကူအညီ တောင်းထားတယ် ၊ သူ ရေးပေးလိမ့်မယ် သူ့ဆီက သီချင်းရတာနဲ့  ဆရာတို့က စပြီး သီချင်းတိုက်ကြမယ် ချန်းယောလ်ရေ အားကိုးမယ်”

ဆရာရီဘင်းရဲ့ အကြည့်နောက်ကို တစ်ထပ်တည်း လိုက်ကြည့်မိတော့ ကိုယ့် နဘေး နေရာမှာ ပျင်းတိပျင်းတွဲ လျော့တိ လျော့ရဲ ထိုင်နေတဲ့ အေးစက်စက် မျက်နှာထားနဲ့ တစ်ယောက်ကို တွေ့ရသည် ။
ဆရာရီဘင်းက ရယ်မောပြီး အကူအညီတောင်းတာကို သူက အပြောင်းအလဲ မရှိတဲ့ အေးစက်စက် ရေခဲ မျက်နှာနဲ့  မလှုပ်မရှား ထိုင်နေ၏။

“သီချင်းအေးအေးဆေးဆေး ရေးချင်ရင် ကျောင်းဂီတခန်းကို သုံးလို့ရတယ်နော် ၊ မြန်မြန်လေး ပေးနိုင်ရင် ကောင်းတာပေါ့ကွာ၊ ဆရာတို့လဲ သီချင်းမြန်မြန် တိုက်နိုင်တာပေါ့ “

First Person For U Where stories live. Discover now