First Person For U [ 33]

1.1K 241 10
                                    

ဂျုံအင်အတွက် ဒီညနေခင်းသည် သိပ်ကိုတိတ်ဆိတ်
လွန်းနေသည် ။ အိမ်ဝန်းထဲ ခြေချလိုက်သည်နှင့်
ဖေဖေ၏နောက်မိန်းမနဲ့ မယားပါသား၏ စကားပြော
သံတွေ ရယ်သံမောသံတွေက သူ့အား အမြဲတစေ
လှောင်ပြောင်နေလေ့ရှိသည် ။သို့ပေမဲ့ ဒီညနေသည်
ဆိတ်ငြိမ်လွန်းပြီး ထိုသူတွေတယောက်မှ မရှိနေ
သည့်အတိုင်း ငြိမ်သက်နေကြသည် ။ သူ့အတွက် ဒီ
အခြေအနေသည် ထူးဆန်းလွန်းသည် ။ သူဟာ ပြီးခဲ့
တဲ့ နှစ်အနည်းငယ်ကို ပြန်ရောက်သွားသလို ခံစား
လိုက်ရသည်။အထက်တန်းကျောင်းသားဘဝကျောင်း
ကနေ အိမ်ကိုအပြန် နေ့ရက်တွေနှင့် ဆင်တူသည် ။
မေမေ မရှိတဲ့နောက်ပိုင်း တိတ်ဆိတ်နေတဲ့ နေ့ရက်
တွေဆီသို့ သူပြန်ရောက်သွားသလို ခံစားလိုက်ရ၏ ။
သူ့ကိုယ်သူ အထက်တန်းကျောင်းယူနီဖောင်းနှင့်
ဖေဖေနှင့်သား နှစ်ဦးထဲနေတဲ့အိမ်ဆီ ပြန်လာသလို ။

ကင်ဂျုံအင်ဟာ အသံတိုးတိုး ခပ်ဖွဖွ ရယ်လိုက်မိ၏ ။
မဖြစ်နိုင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကြာခဲ့ပြီဟာ။
အားလုံးက ပြောင်းလဲသွားတာမှ သူတောင်သူ့ဖေဖေ
ဘေးကနေ အဝေးကိုလွှင့်စင်သွားတာ မဟုတ်လား ။

"  သား  ဒီကိုလာခဲ့ပါဦး ဖေဖေ့ကို ဒီစာဖတ်ပြစမ်း "

မျက်မှန် မတပ်ထားတဲ့ ဖေဖေက သူ့အား လက်ယက်
လှမ်းခေါ်နေသည် ။သတင်းစာ စာရွက်ပေါ်က စာလုံး
တွေကို မျက်လုံးတွေကိုမှေးကျဉ်းကာ ကြည့်နေပုံက
အရင်ကအတိုင်း မပြောင်းလဲဘူး ။ သူ့ကို အခုလိုခေါ်
တတ်တဲ့ ပုံစံရော ဘာတခုမှ မပြောင်းလဲဘူး ။ဒါပေမဲ့
ဖေဖေက နည်းနည်းပိန်သွားတယ်လို့ သူထင်သည် ။

" ဟေ့ကောင်လေး လာစမ်းပါကွ တုံ့နှေးတုံ့နှေးနဲ့ "

အရင်ကဆို သူ ဖေဖေကို စနောက်နေကျ စကားလုံး
တွေက " ဦးလေးကြီး အသက်ကြီးနေပြီပဲ " ဆိုတဲ့
ဟာသတွေ ၊ ဆံပင်ဖြူတွေ နှုတ်ပြပြီး စ,နောက်ခဲ့ဖူး
သည် ။ ဒါတွေက နှစ်အနည်းငယ်မှာ ကျန်ခဲ့ပြီ ။သူက
အခု ဖေဖေ့အမြင်မှာ ရန်ပွဲတွေဖြစ် ၊ မယားပါသားကို
ပြသာနာရှာနေတဲ့ ခပ်ဆိုးဆိုးသားတစ်ဦး ဖြစ်နေပြီ ။
အိမ်ကနေ အမြဲထွက်ပြေးပြီး ဖေဖေနဲ့ မျက်နှာချင်း မ
ဆိုင်ရတာတောင် ဘယ်လောက်ကြာနေပြီပဲ ။

First Person For U Where stories live. Discover now