First Person For U [ 31]

1.1K 228 6
                                    

တယောက်စနှစ်ယောက်စသွားလာနေကြသည့် လမ်း
ကလေးတွင် ချန်းယောလ်၏နဘေးတွင် ဂဏန်းလေး
လို ဘေးတိုက်လိုက်တတ်သည့် ဘတ်ဟျွန်းကို ချန်း
ယောလ်က မျက်နှာချင်းမတ်တပ်ရပ်နေသည် ။ အ
ရောင်တလက်လက် တောက်ပနေသည့် မျက်လုံး
လေးတွေထဲတွင် ချန်းယောလ်က သူ့ကမ္ဘာသစ်ကို ရှာ
တွေ့ခဲ့သည့် ပထမဦးဆုံး စူးစမ်းရှာဖွေသူဖြစ်ခဲ့သည်။
ပြိုလဲကျပြီးမှပြန်ထနိုင်သည့် အခွင့်အရေးကို ပေးခဲ့
ပြီး လက်ကမ်းကူညီပေးခဲ့သူ ၊ သူ့လက်ကိုဆွဲလို့
လောကသစ်ကို ပြသပေးခဲ့သူ ဒီဂဏန်းလေးကို သူ
ငယ်ချင်းဆိုသည့် စည်းကလေးကနေ ကျော်ဖြတ်ပြီး
အချစ်မေတ္တာအစစ်အမှန်နှင့် ချစ်ခွင့်ရချင်မိခဲ့သည် ။
ဖွင့်ပြောဖို့ကို တုံ့ဆိုင်းနေခဲ့ပြီး အကြိမ်ကြိမ်အခါခါ
လက်လျော့ခဲ့ရဖူးသည် ။ စိတ်ပျက် အားငယ်မိပြီး
ငေးကြည့်ရုံသာ သူတတ်နိုင်ခဲ့ရသည် ။ အခွင့်အရေး
ဟူသည်က သူ့အတွက်မရှိအောင် ရှားပါးလှသည် ။

ဒီနေ့တော့ သေချာပေါက် ခံစားချက်တွေကို ဖွင့်ဟပြ
နိုင်ဖို့ သူ အသည်းအသန် ကြိုးစားတော့မည် ။

" ဘာပြောမှာမို့ ဒီလောက်ထိ တုံ့ဆိုင်းနေတာလဲ
ချန်းယောလ်ရာ ဒီနေ့မှ ထူးဆန်းလိုက်တာ "

သူ အမြဲတမ်းငေးကြည့်ခဲ့ရတဲ့ မျက်လုံးတွေနှင့် အ
ကြည့်ချင်းဆုံလိုက်တော့ ဘတ်ဟျွန်းက နည်းနည်း
လေး အနေခက်သွားအောင် ဂနာမငြိမ်ဖြစ်သွား၏ ။

" ဘယ်ကစ,ပြောရမှန်း မသိအောင်ပဲ ငါလဲထူးဆန်း
နေခဲ့တာကြာပြီ ဂဏန်းလေး  အထက်တန်းပြီးထဲပဲ
မင်းကိုပဲတွေ့ချင်ပြီး မင်းအနားမှာပဲ အတူရှိနေချင်တာ
မင်းကိုပဲ ငေးကြည့်နေမိပြီး မင်းပြုံးရင် ငါပါလိုက်ပြုံး
မိတဲ့အထိပဲ  မင်းနဲ့ သူငယ်ချင်းဆိုတာထက် ဒီထက်
ပိုရင်းနှီးတဲ့ ဆက်ဆံရေးကို လိုချင်တယ် မင်း စိတ်
ဆိုးသွားမလာပေမဲ့ ငါ ငါမင်းနဲ့တွဲချင်တယ်  "

သီချင်းရေးစပ်သူပီပီ ချန်းယောလ်က အတွင်းတစ်နေ
ရာမှာ ကြာကြာသိမ်းဆည်းထုပ်ပိုးထားသည့် ချစ်ခြင်း
ဟူသည့် ခေါင်းစဉ်အောက်က စကားလုံးတွေကို တ
လုံးချင်းစီ ပီပီသသနှင့် စာရွက်ဖြူဖြူပေါ် မင်နက်နက်
ဖြင့် ရေးဆွဲပြသွားသလို ပီသစွာဖြင့် နှလုံးသားဆီသို့
အရောက်ပို့သွားသည် ။ မိမိ တိတ်တခိုး မျှော်လင့်ခဲ့ရ
တဲ့ သူဆီကနေ ချစ်ပါကြောင်း ဝန်ခံဖွင့်ဟစကားကို
နားနဲ့ဆတ်ဆတ် ကြားလိုက်ရတဲ့အခါ ဂဏန်းကောင်
လေးက လက်ဖဝါးနဲ့ဖိအုပ်ကာ အဖမ်းခံလိုက်ရတဲ့အ
ခါ အန္တရာယ်ပြုနိုင်သည့် လက်မတွေကပါ မလှုပ်ရှား
နိုင်တော့သလို တုတ်တုတ်မလှုပ်နိုင်အောင် ငြိမ်သား
ကျနေပါသည် ။ ရင်ထဲမှာတော့ အငြိမ်မနေတဲ့ အ
ကောင်လေးတွေ လျှောက်ပြေးလွှားနေသလို ခုန်
ပေါက်​နေလေသည် ။ ပျော်လွန်းလို့ လှိုက်တက်လာ
သည့် ပျော်ရွှင်မှုသည် နှလုံးသားတွင် ကခုန်နေသည်။

First Person For U Where stories live. Discover now