First Person For U [ 25 ]

2.3K 478 16
                                    


ဒီနေ့က တက္ကသိုလ် ပထမနှစ်ကို စတက်ရမဲ့ ပထမ
ရက်ပင်  ။ တူညီတဲ့ ယူနီဖောင်းနှင့် ဘတ်ဟျွန်း နဲ့
ချန်းယောလ်က တက္ကသိုလ်ဝန်းကြီးထဲ ခြေချလိုက်
ကြတဲ့အခါ  အပြုံးတွေကိုယ်စီနှင့် စိတ်လှုပ်ရှားနေခဲ့
ကြသည်  ။ အထက်တန်း ကျောင်းသားမှ တက္ကသိုလ်
ကျောင်းသားအဖြစ် ပြောင်းလဲသွားကြတဲ့အခါ သူတို့
ရဲ့ ရင်းနှီးမှုက အရင်ကထက် ပိုနီးကပ်လာခဲ့ကြ၏ ။
စိတ်လှုပ်ရှားနေတဲ့  ဘတ်ဟျွန်းက ရင်ခုန်လိုက်တာ
လို့ တိုးတိုးလေးပြောတော့ ချန်းယောလ်က ရယ်
တယ်  ။  အတန်းမတူကြတဲ့အခါ နှစ်ဦးသားက အလိုမကျဟန်  မျက်မှောင်ကြုံ့မိသွားကြပေမဲ့ တစ်
ဦးနဲ့တစ်ဦး  မမြင်မိကြအောင် ထိန်းလိုက်ကြသည် ။

" ဘာပဲဖြစ်ဖြစ် ကန်တင်းသွားရင်တော့ လာခေါ်နော်
တစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေမှာစိုးလို့ "

"  ငါ့မှာ မင်းအပြင် မရှိဘူးလေ "

ဘတ်ဟျွန်းက သဘောတွေ့ကာ ပြုံးသွားသည်။ဘတ်
ဟျွန်းရဲ့ နောက်ကနေ ပုခုံးနှစ်ဖက်ကိုကိုင်ကာ အ
တန်းထဲ  တွန်းလွှတ်လိုက်တော့မှ ပေကပ်ကပ်လေး
နဲ့ ဝင်သွားတာကို  ချန်းယောလ်က အခန်းဝကနေ
မတ်တပ်ရပ်ကြည့်ပြီး ရယ်ပြန်သည် ။ လက်ပြ နူတ်
ဆက်ထားခဲ့ပြီး  ချန်းယောလ်လဲ နှစ်ခန်းကျော်က
သူ့စာသင်ခန်းဆီ  ထွက်လာခဲ့လိုက်သည် ။ ပထမဆုံး
ရက်မို့ စာသင်ချိန်တွေထက် ကိုယ်စိတ်ဝင်စားရာ
ကလပ်တခုခုကို  ဝင်ကြဖို့အတွက် ကလပ်တိုင်းက
စီနီယာတွေက တစ်ခန်းဝင်တခန်းထွက် မဲဆွယ်နေ
ကြတော့သည်  ။ ချန်းယောလ် အနေနဲ့ကတော့ သေ
ချာပေါက်  ဂီတကလပ်ထဲ ဝင်မယ်ဆိုတာ ဘတ်ဟျွန်း
အတပ်သိနှင့်ပြီးသား  ။

ဘတ်ဟျွန်းက ခဏအတွင်းပဲ  သူငယ်ချင်း အသစ်
တစ်ယောက် ရသွားသည် ။

Dance Club က ဘယ်နားမှာလဲ  "

နာမည်က ကျန်းရီရှင်း တဲ့  ။ အသားဖြူဖြူ ပိန်ပိန်ပါး
ပါး ခန္ဓာကိုယ်နှင့်  ရီရှင်းက နူတ်ခမ်း တထော်ထော်
နဲ့ လာမေးတယ်  ။တရုတ်စပ်တဲ့ ရီရှင်းရဲ့ အသံထွက်
က တမျိုးလေး နားထောင်ကောင်းတယ် ။ အရယ် အ
ပြုံး နည်းပေမဲ့  ရီရှင်းရယ်လိုက်တဲ့အခါ ပါးချိုင့်လေး
က ချိုင့်ဝင်သွားကာ မျက်နှာက လက်ညိုးတစ်ချောင်း
ပြေးထိုးထည့်ချင်စရာ ကောင်းသည် ။ ရီရှင်း ပါးချိုင့်
ကို  မြင်တော့  နှစ်နာရီနီးပါးတော့ မမြင်ရတဲ့ ချန်း
ယောလ်ကိုတောင် သွားသတိရမိသည်  ။ ရီရှင်း နဲ့ကျ
တော့  ဆရာကြီးသဖွယ်လုပ်ကာ ကော်ရစ်တာ တစ်
လျှောက် ဟိုယောင်ဒီယောင် လျှောက်ကာ ရှေ့ကနေ
Dance Club က ဘယ်နားမှာလဲ ရှာရသည် ။

First Person For U Unde poveștirile trăiesc. Descoperă acum