ချန်းယောလ်က စက်ဘီးလေးကို ဆေးကြောသန့်ရှင်း
ပြီး အိမ်ကဂိုဒေါင်ထဲ ထည့်သိမ်းလိုက်သည် ။ ဒီ
စက်ဘီးလေးကို သူစီးရမဲ့ အချိန်မရှိတော့တာတောင်
မရောင်းပစ်ဖို့ အိမ်ကလူတွေကို ပြောလိုက်သေး
သည် ။တစ်စုံတယောက်က စက်ဘီးစီးချင်တယ်ပြော
လာခဲ့ရင် အဆင်သင့်ရှိနေအောင် ဂိုဒေါင်လေးထဲမှာ
ထည့်ထားမည် ။ သူငယ်ချင်းတွေနဲ့ ချိန်းထားတာမို့
ကားမှတ်တိုင်ကိုအသွား သော့ခတ်ထားတဲ့ ခြံတစ်ခြံ
ရှေ့ကို အရောက် ခြေစုံရပ်ကာ ငေးမိသည် ။ တံခါး
သော့လာဖွင့်ပေးတတ်တဲ့ တစ်စုံတစ်ယောက် အ
ကြောင်း သတိရမိသွားတာနှင့် ချန်းယောလ် ခပ်ရေး
ရေး ပြုံးမိသည် ။ ဖြတ်သွားတဲ့ ပန်းခြံဟောင်းရှေ့ကို
ရောက်သွားတော့ ထိုင်ခဲ့ဖူးတဲ့ ခုံတန်းလေးကို လှမ်း
မြင်နေရသည် ။အထက်တန်းမှာ တစ်ဦးထဲသော သူငယ်ချင်းဖြစ်ချင်
သူလေးကို သူ့စိတ်က သူငယ်ချင်းထက်ပိုပြီး အပြု
အမူတွေနှင့် သတိတရဖြစ်နေမိသည် ။ချိန်းထားတဲ့ နေရာမှာ စောရောက်နေတဲ့ သူက ဂစ်တာကြိုးကို ညှိပြီး တစ်စုံတစ်ယောက်အတွက် ရေး
စပ်ထားတဲ့ သီချင်းလေးကို ဆိုညည်းနေမိသည် ။🎶 မဟုတ်မှလွဲ မင်းထွက်ပြေးဖို့ ကြိုးစားနေတုန်း
လားကွာ ကိုယ်မမြင်နိုင်တဲ့ မင်းရဲ့ပုခုံးနောက်ကွယ်
မှာ ဆွဲဆောင်မူအပြည့်နဲ့ တောင်ပံလေး တစ်စုံရှိတယ်I don't know, ဘယ်အချိန်ကစပြီးတော့
ကိုယ့်ကိုကိုယ်တောင် မသိလိုက်ဘဲ ပြုံးနေမိခဲ့လဲဆို
တာ ကိုယ့်အတွေးထဲလဲ မင်းအကြောင်းတွေ အပြည့်ပဲ အမြဲတမ်းပဲ မျက်လုံးဖွင့်လိုက်တိုင်းလဲ မနက်စာစားဖို့ အတွေးထက် မင်းရဲ့မျက်နှာကို မြင်
ယောင်ရင်း ကိုယ့်ရဲ့မျက်နှာထက် အပြုံးတွေ ဖြစ်ထွန်းသွားတယ်ကိုယ့်ရဲ့နေ့ရက်တိုင်းကိုလဲ ပိုက်ဆံရှာဖို့ အလုပ်တွေ
လုပ်ရင်း ကုန်ဆုံးနေမိတယ် ဘာကြောင့် အဲ့တာကို
စိတ်ညစ်စရာလို့ မထင်မိတာလဲ ကိုယ် တကယ်ပဲ
သဘောကျနေမိတယ် 🎶မင်းလေးက ဘာကြောင့် ဒီလောက် စွဲမက်စရာ
ကောင်းနေရတာလဲ