First Person For U [15]

2.4K 476 38
                                    


ဒီနေ့က ကျောင်းပိတ်ရက်မို့ ဘတ်ဟျွန်း တယောက်
အိမ်ထဲမှာပဲ အချိန်ဖြုန်းဖို့ စဉ်းစားထားပေမဲ့ ညနေ
စောင်းမှ  ဖုန်းဆက်ပြီး တွေ့ကြဖို့ ခေါ်တဲ့ အကိုတစ်
ယောက်ကြောင့်  အင်္ကျီလဲပြီး ပြေးထွက်ခဲ့ရသည် ။
တခြားသူသာဆို  ငြင်းလိုက်ပေမဲ့  ငယ်ငယ်ထဲက အ
ရမ်းကြောက်ခဲ့ရတဲ့  အကိုဝမ်းကွဲမို့ ဘတ်ဟျွန်း ချက်
ချင်းပဲ  ပြေးသွားခဲ့ရသည် ။ ဖုန်းနဲ့ တွေ့မဲ့နေရာလိပ်
စာကို  ပို့ပေးလိုက်တာမို့ တက္ကစီစီးပြီး သွားလိုက်ရ
သည် ။  ရောက်သွားတော့  အချိန်က ခြောက်နာရီခွဲ။

ဆိုင်ထဲရောက်တော့  အကိုဝမ်းကွဲ ဂျူမင်းက လက်
လှမ်းပြတာမို့ ဘတ်ဟျွန်း သွက်သွက်ကလေး ပြေး
သွားကာ ခါးကိုင်းလို့ နူတ်ဆက်လိုက်သည်။ အကို
ဂျူမင်း တဦးထဲတော့မဟုတ်ဘဲ သူ့အပေါင်းအသင်း
နှစ်ယောက်ပါ ရှိနေသေးသည် ။ အကိုဂျူမင်း ထိုင်
ခိုင်းတဲ့ ခုံမှာ ဝင်ထိုင်လိုက်ပြီးနောက် အကိုဂျူမင်းက
သူ့အပေါင်းအသင်းတွေနဲ့ မိတ်ဆက်ပေးလာသည် ။

" ဒါက ငါ့ညီဝမ်းကွဲ ဗြောင်ဘတ်ဟျွန်းတဲ့ ဘတ်ဟျွန်း  ဒါက ငါ့သူငယ်ချင်းတွေ နူတ်ဆက်လိုက် "

ခေါင်းလေး ငုံ့လို့ အပြုံးလေးနဲ့ ရိုရိုသေသေ နူတ်
ဆက်တဲ့ ကောင်လေးကို  ဂျူမင်းသူငယ်ချင်းတွေက
ခပ်ပြုံးပြုံး ။ ဂျူမင်းရဲ့ သူငယ်ချင်းတွေက အရပ်ရှည်
ပြီး ကြည့်ကောင်းတဲ့သူတွေချည်းပဲ ။

" အင်ဂျယ်ဟျွန်း  အဲ့လောက် ကြည့်မနေနဲ့ အဲ့တာ
အထက်တန်းကျောင်းသားပဲ ရှိသေးတယ်  "

နှစ်ယောက်ထဲက ပိုပြီးကြည့်ကောင်းတဲ့ တယောက်
ကို  အကိုဂျူမင်းက ပြောလိုက်တာမို့ မသိမသာ  အ
ကဲခတ်ကြည့်မိတော့  အဲ့ဒီအင်ဂျယ်ဟျွန်းဆိုတဲ့ အကို
က ကျွန်တော့်ကို  ပြုံးပြီးကြည့်နေခဲ့သည် ။ ပြီးတော့
သုံးယောက်သား ရယ်မောကြပြန်တော့ နားမလည်တဲ့
ကျွန်တော်ကပဲ  ကြောင်တောင်တောင် နဲ့ လိုက်ငေး
ရတော့သည် ။

" ဘာရယ်တော့မဟုတ်ပါဘူး  မေမေက မင်း ဒီမှာ
ကျောင်းတက်နေတယ်  တွေ့လိုက်ဦးပြောတာနဲ့ ခေါ်
လိုက်တာ   အကုန်အဆင်ပြေတယ်မလား "

First Person For U Where stories live. Discover now