ဘတ်ဟျွန်းဆီက " ချန်းယောလ်ရား ငါ့အိမ်ထဲကို အရူးတွေ ဝင်လာလို့ လာခဲ့ဦး အခုချက်ချင်းနော် "
ဆိုပြီး ပြောပြောဆိုဆိုနဲ့ ဖုန်းချသွားတာကြောင့် ချန်း
ယောလ်တစ်ယောက် တွေ့ရာ ကွင်းထိုးဖိနပ်ကို ထိုး
စွပ်ပြီး အပြေးသွားကြတော့သည် ။ အိမ်ပေါ်ထပ်က
နေ ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ရေးကြီးသုတ်ပြာ ပြေးဆင်းတဲ့
ချန်းယောလ် အိမ်ရှိလူကုန် အခန်းတွေထဲကနေ
အသည်းအသန် ပြေးထွက်လာကြတော့သည် ။ဘာ
ုဖြစ်တာလဲ လို့ မေးသံတွေကို သူပြန်တောင် မဖြေ
ဖြစ်ခဲ့ဘူး ။ ဘတ်ဟျွန်းပြောတဲ့ " အရူးတွေ ငါ့အိမ်
ထဲ ဝင်နေတယ် " ဆိုတဲ့ ကိစ္စကိုသာ အာရုံရောက်
နေတယ် ။ အရင်တခါက ဟိုလူများ ဖြစ်နေမလား
အတွေးနဲ့ ဘတ်ဟျွန်းအိမ်ကို ပြေးတော့သည် ။အိမ်ရှေ့ ခြံတံခါးကို ဆောင့်တွန်းဖွင့်ပြီး အိမ်ထဲ ပြေး
ဝင်သွားလိုက်တော့ တံခါးနားမှာ မတ်တပ်ရပ်နေတဲ့
ဘတ်ဟျွန်းက ဧည့်ခန်းဘက်ကို မေးငေါ့ပြလေသည်။အာ တကယ်ပဲ အရူးတွေ ဝင်နေတာပဲ !
အဖြူရောင်ရှပ်အင်္ကျီလက်ရှည်က တွန့်ကြေပြီး ပုံပျက်
ပန်းပျက် ၊ဂျင်းနုရောင် ဘောင်းဘီက ဒူးနေရာ၊ ပေါင်
နေရာတွေမှာ အပြဲတွေက မနည်းမနှော ။ ပေါင်တွေ
ဖြဲကားပြီး ဆိုဖာနောက်မှီကို လျော့တိလျော့ရဲ မှီထား
ပြီး ထိုင်နေပုံက သူ့အိမ်သူယာလို သဘောထားနေပုံ
ဖြစ်မည် ။ ဒီလောကကြီးမှာ သူ့ထက် ရူးတာ မရှိ
တော့တဲ့ နံပါတ် တစ် အရူး ဂျုံအင် ပါပဲ ။" ဟိုင်း ချန်းယောလ် အပြေးလာမတွေ့လဲ ရပါ
တယ် "ချန်းယောလ်က ဆံပင်တွေကြား လက်ထည့်ထိုးဖွပစ်
ကာ ဟင်းခနဲ သက်ပြင်းရှည်ကြီး ချသံကြောင့် TV
က လာနေတဲ့ ဇာတ်လမ်းတွဲကို မမှိတ်မသုန် စိတ်
ဝင်တစား ကြည့်နေတဲ့ ကျန်းရီရှင်းက လှည့်ကြည့်
လာတော့သည် ။ ညအိပ်ဝတ်စုံ အပြာနှင့် မျက်မှန်
အဝိုင်းကို တပ်ထားတဲ့ ရီရှင်းကြောင့် ချန်းယောလ်
ပါးစပ် အဟောင်းသား ဖြစ်သွားရတော့သည် ။ဟာ ဒီကောင်တွေ တကယ် ရူးနေကြတာပဲ ။
" ရီရှင်း မင်းပုံစံက ဘယ်လိုဖြစ်ပြီး "
![](https://img.wattpad.com/cover/210681800-288-k203407.jpg)