First Person For U [ 3 ]

1.5K 198 6
                                    

First Person For U

တွေ့ဆုံမှုတိုင်းက တိုက်ဆိုင်မှုလား ကံကြမ္မာ
                     အလိုကျလား?

_______________________________________________

                   Chapter - “Three”

အချိန်ဘယ်လောက်မှ မယူလိုက်ရတဲ့
နှစ်ရက်အတွင်း(ကြာသပတေးနေ့မှာ)  ဆရာရီဘင်းရဲ့ လက်ထဲ ရောက်နေပြီ ဖြစ်တဲ့ ပတ်ချန်းယောလ် ရေးစပ်ထားတဲ့ ကျောင်းဂုဏ်ပြုသီချင်းက အံ့အားသင့်စရာပင်။အချိန် ခဏလေးအတွင်း သီချင်း တစ်ပုဒ်ကို ကောင်းကောင်း ရေးစပ်နိုင်ပြီး ဆရာရဲ့လက်ထဲကို ထည့်ပေးပြီးဖြစ်သည်။ ဆရာ ရီဘင်းကတော့ မနက်ပိုင်း ပထမဆုံး သူ့အတန်းချိန်မှာ သီချင်းစာရွက်တစ်ရွက် ကိုင်ပြီး သီချင်းကို အဆင်ပြေကြောင်း ပြောနေပြီး အရမ်းသဘောကျနေကြောင်း၊ ပီတိတွေ ဝေဖြာနေတဲ့ မျက်နှာ အမူအယာနဲ့ ပြောပြနေတော့သည်။

“ ဒီနေ့ ဂီတအချိန်ပါတယ် နံပါတ် ငါး ဂီတချိန်မှာ ဆရာလာခဲ့မယ် ဒီနေ့ကစပြီး သီချင်း တိုက်ကြမယ်နော်။ ဆရာ့ လက်ထဲကို သီချင်း စာရွက်က ရောက်နေပြီ တော်တော်လေး ကောင်းတဲ့ စာသားတွေ မင်းတို့လဲ သဘောကျကြမှာ ကျိန်းသေပေါက်ပဲ မယုံမရှိနဲ့ ငါ့တပည့် ပတ်ချန်းယောလ်က အတန်းသာ လစ်ရင်လစ်မယ် ဒီလိုနေရာမျိုးမှာတော့ ဆရာ တစ်ဆူပဲ “

တဖြောင်းဖြောင်း ဆရာ့လက်ခုပ်သံနဲ့ ချီးကျူးစကားကြောင့် ကျောင်းသား/သူတွေကလဲ တဝိုးဝိုးနဲ့ တအံ့တဩ သူ့ကို ကြည့်လာကြပေမဲ့ နှုတ်ခမ်းတစ်ချက် တွန့်သွားရုံသာ ပြုံးသည်။ သူ့အပေါင်းအပါတွေက သူ့နာမည်ခေါ်ပြီး အော်သံဟစ်သံ စနောက်သံတွေကြောင့် ဒီလို တစ်ချက် ပြုံးလိုက်တာဖြစ်သည်။

“ ဂီတချိန်မှာလဲ အခုလို လူစုံနေတာကို လိုချင်တယ်နော် အတန်းလစ်တဲ့သူကို ရုံးခန်းထဲမှာ ပိတ်ပြီး ခံဝန်ကတိ ရေးရမယ် ဂုတ်ကနေ ဆွဲခေါ်သွားမှာ မင်းတို့ကောင်တွေကို ပြေးရဲတဲ့ကောင် ပြေးကြည့်စမ်း “

ဆရာရီဘင်းက လက်ထဲက တုတ်ကို စားပွဲပေါ် ခပ်ပြင်းပြင်းရိုက် အသံပေးကာ ပထမဆုံး စာသင်ချိန်ကို စတင်သည်။  ပျင်းတိပျင်းတွဲနှင့် စာစိတ်မဝင်စားတဲ့ ကျောင်းသား ပတ်ချန်းယောလ်ကတော့ ဆရာရီဘင်းရဲ့ အတန်းချိန် ပြီးတာနဲ့ အတန်းထဲက ထွက်တော့သည်။ လွယ်အိတ်ကို ပုခုံးပေါ်တင်ကာ အပေါင်းအပါတွေနဲ့အတူ စာသင်ခန်းထဲက ထွက်သွားတဲ့ ချန်းယောလ်ကို မင်ဆော့ကတော့ တီးတိုး ဝေဖန်တော့သည်။

First Person For U Where stories live. Discover now