ဆံပင်တွေ မခြောက်သေးဘဲ ရေစက်လက်နဲ့ ချန်း
ယောလ်က တီဗွီရှေ့က ဆိုဖာ ပေါ်မှာ ထိုင်နေတော့
ဘတ်ဟျွန်က အဖြူရောင်သဘတ်ကလေးကို ကမ်း
ပေးလိုက်တော့ ချန်းယောလ်က မော့ကြည့်လာ၏ ။
ရေတွေတစက်စက်ကျနေတဲ့ ဆံပင်တွေ နဲ့ ဒီအခြေ
အနေကို ကျွန်တော်က လစ်လျူရှူထားနိုင်ပါ့မလား။" ဆံပင်က ရေတွေ သုတ်လိုက်ဦးလေ "
ချန်းယောလ်က သဘတ်လေးနဲ့ ဆံပင်တွေကို ရေစင်
သွားအောင် သုတ်ပြီး သဘတ်ကို လည်ပင်းမှာ ချိတ်
လိုက်သည် ။ ဘေးမှာ ဝင်မထိုင်ဘဲ ကြမ်းပြင်ပေါ်မှာ
သာ တင်ပျဉ်ခွေလေးထိုင်ပြီး ချန်းယောလ် လှုပ်ရှား
သမျှကို မျက်တောင်မခတ်တမ်း လိုက်ကြည့်နေတဲ့
ဘတ်ဟျွန်းကြောင့် ချန်းယောလ် အနေရခက်လာ၏။
သူက တော့ အသည်းအသန် စိတ်ပူပြီး အားကုန်ပြေး
လာခဲ့ရတာ ၊ ဒီကောင်လေးက မုန့်သွားဝယ်ပါတယ်
တဲ့လား ။ ချန်းယောလ် ကိုယ့်ကိုကိုယ်လဲ ရယ်ချင်
သွားတော့သည် ။ ရူးတော့မလို့ပဲတဲ့ ဘယ်လိုများ
ပြောထွက်သွားခဲ့တာလဲ ။ တွေးမိတိုင်း မျက်နှာတွေ
နီရဲ ပြီး ပူတက်လာသလိုပဲ ။" ဖုန်းက အိမ်ထဲမှာထားခဲ့တာ အစကတော့ တစ်
ယောက်ထဲမို့ပျင်းတာနဲ့ ချန်းယောလ်ကို ခေါ်ကြည့်
တာ မုန့်လဲတူတူစားရင်းနဲ့ စကားပြောမလားလို့ "" ခေါင်းက သက်သာတယ်မလား "
" အင်း သက်သာနေပြီ ဘာမှမဖြစ်တော့ဘူး "
အာလူးကြော်တထုပ်ဖောက်ပြီး တကြွပ်ကြွပ်စားနေတဲ့
ဘတ်ဟျွန်းကိုကြည့်ပြီး ချန်းယောလ် ခိုးပြုံးမိသည် ။
ဒီကောင်လေးက အပူပင်ကင်းလွန်းသည် ။ ပျော်ပျော်
နေတတ်တာ သူ့အကျင့်ကလေးဖြစ်မယ်ထင်သည် ။
အခုအခြေအနေက ကိုယ်က ဆိုဖာပေါ်မှာ ထိုင်ပြီး
ရှေ့မှာ တင်ပျဉ်ခွေထိုင်ကာ မုန့်တကြွပ်ကြွပ်ဝါးနေတဲ့
သူ့ကို စိတ်ဝင်တစား ငုံ့ကြည့်နေသလိုပင်ဖြစ်၏ ။
အင့် ဆိုပြီး မုန့်ထုပ်လေးတော့ ထိုးပေးလာသား ။
ခေါင်းခါပြတော့ အားနာပါးနာနဲ့ နောက်ထပ်တခါ
တောင် ထပ်မကျွေးတော့ဘူး ။" ပြန်တော့မယ် တခုခုဆို ငါ့ကို ဖုန်းဆက် "
အိမ်ဝထိ ခြံတံခါး လိုက်ပိတ်တဲ့ ဘတ်ဟျွန်းက ခေါင်း
တဆတ်ဆတ် ညိတ်ပြသည် ။ လှည့်ထွက်လာခဲ့တော့
နောက်က သော့ခတ်သံတွေကို ကြားနေရသည် ။
ချန်းယောလ် ဟင်းခနဲသက်ပြင်းချကာ ကြယ်တွေစုံ
လင်နေတဲ့ မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်၊
တဖြေးဖြေးချင်း တလှမ်းချင်းစီ လမ်းလျှောက်ကာ
အိမ်ကို ပြန်လာခဲ့လိုက်သည် ။
![](https://img.wattpad.com/cover/210681800-288-k203407.jpg)