First Person For U [ 28 ]

2.3K 478 32
                                    


မိန်းက​လေးတစ်ယောက်နဲ့ ပြုံးပြုံးရွှင်ရွှင် စကားပြောခဲ့တဲ့  ဘတ်ဟျွန်းကြောင့် ချန်းယောလ်က သိပ် မ
ကြည်ချင် ။  ကန်တင်းမှာလဲ လက်ကြီးပိုက် ၊ခါး ကို
မတ်ကာ ထိုင်နေပြီး ကြုံ့ထားတဲ့ မျက်ခုံးတွေကြောင့်
ဘတ်ဟျွန်းက ရိပ်မိပေမဲ့ ဘာကြောင့်မှန်းရယ်မသိ ။
ရီရှင်းကတော့  သူနဲ့မဆိုင်သလို နေနေပေမဲ့ မနေနိုင်
သူက ဂျုံအင်က ရှိသည် ။ ကော်ဖီတစ်ငုံ သောက်
လိုက်  ၊ ချန်းယောလ်နဲ့ဘတ်ဟျွန်း အခြေအနေကို
တလှည့်စီ အကဲခတ်နေတဲ့ ဂျုံအင်ကို ခုံအောက်က
နေ မသိမသာ ခြေထောက်ကို တက်နင်းပြီး ရီရှင်းက
တော့ အံကြိတ်ပြပြီး သတိပေးရှာသည် ။ တုံးအသူ
လို့ အမည်ပေးချင်စရာကောင်းအောင် တုံးတဲ့
ဘတ်ဟျွန်းက ချန်းယောလ် ဘာဖြစ်နေသလဲဆိုတာ
ကို  ရီရှင်းနဲ့ဂျုံအင်ဆီ မျက်နှာရိပ်မျက်နှာကဲ ပြကာ
မေးတော့မေးရှာသည် ။

"  သောက်ကြပါ စားကြပါကွာ ပြီးရင် အတန်းတက်ရ
ဦးမယ်  လခွမ်းထဲမှပဲ တစ်ယောက်မျက်နှာ တစ်
ယောက်ထိုင်ကြည့်နေရ ငါတော့ သွားပြီဟေ့ 

ရီရှင်းရေ အသည်းလေး ပိုက်ဆံလေးရှင်းပေးပါဦး "

လွယ်အိတ်ယူပြီး  ဝရုန်းသုန်းကား ပြေးထွက်သွားတဲ့
ဂျုံအင်ကြောင့်ရီရှင်းတစ်ယောက် လှမ်းဆွဲချိန်တောင်
မရလိုက်ဘူး  ။  ကန်တင်းမှာ ဂျုံအင် စားစားသမျှကို
သူချည်း  ဒိုင်ခံရှင်းပေးနေရတာ သိပ်တော့ မဟုတ်
သေးဘူး  ။မင်းက ငါ့အဖေမို့လို့လား ၊ မင်းက ငါ့မိန်းမမို့လို့လားလို့ အော်ဆဲချင်ပေမဲ့ ဆဲချင်တဲ့ အရိုင်းစိုင်း
စိတ်ကလေးကို ရုပ်ရည်လေးနဲ့က ထိန်းရသေးတယ်။

" အံ့သြတယ်  ဒီကောင်နဲ့ငါ ဘာကြောင့်များ သူငယ်
ချင်း လာဖြစ်ရတာလဲ  ခွေးကောင် ချီးလိုပဲနံတယ် "

ရီရှင်းက ပါးစပ်လှုပ်ရုံကလေးနဲ့ စုံစိအောင် ဆဲနေ
တော့တာပဲ  ။အတန်းထဲ ပြန်ပြေးတဲ့ ဂျုံအင်ကတော့
ဘယ်နေရာမှာ မှောက်ယက် လဲနေတော့မလဲမသိ ။

"  ဘတ်ဟျွန်း  တချိန်လုံး ပတ်ချန်းယောလ်မျက်နှာ
ကိုပဲ  ထိုင်ကြည့်နေမယ်ဆိုရင် နေခဲ့လိုက်တော့  "

First Person For U Where stories live. Discover now