First Person For U [ 11]

2.7K 576 30
                                    


ဘတ်ဟျွန်း အကြိမ်ကြိမ်ပြုံးနေတာမြင်တော့ မင်ဆော့  ချန်းယောလ်ကို တလှည့် ဘတ်ဟျွန်းကို တ
လှည့်  ကြည့်မိသည် ။ ချန်းယောလ်ကတော့ သူ့ပုံစံ
အတိုင်း  နေမြဲနေဆဲ ဖြစ်ပေမဲ့ ဘတ်ဟျွန်းကတော့
ဒီကနေ့မှာ လိုတာထက်  ပိုပြုံးနေသည် ။ တခါတရံ
ချန်းယောလ်ကို  မသိမသာ ခိုးခိုးကြည့်တတ်တဲ့ ဘတ်ဟျွန်းကို မင်ဆော့  ခပ်နာနာလေး ရိုက်ပစ်ပေးချင်
လှသည်  ။ ဒီလိုပုံစံမျိုးနဲ့ဆို  တတန်းလုံးက လူတွေ
ရိပ်မိကုန်တော့မည် ။  ဘတ်ဟျွန်းက သိပ်ရိုးသား
သည်  ။ ရိုးသားပြီး  အေးဆေးနေတတ်တဲ့ သူက
ချန်းယောလ်ကို   ပြောင်းလဲပေးနိုင်မှာတဲ့လား ။ မင်
ဆော့အနေနဲ့ စဉ်းစားကြည့်လို့တောင် မရခဲ့ဘူး ။
ဘတ်ဟျွန်း  ဘာကြောင့်များ ချန်းယောလ်ကို ချစ်မိသွားခဲ့တာလဲ  ။ အချစ်က ထူးဆန်းနေတာ အခက်
သား ။ ပြီးတော့  ချန်းယောလ်ကလဲ ထူးဆန်းသည်။

" ဒီနေ့ည စာကျက်ဝိုင်းမှာ လူစုံတက်စုံ ဆရာ မြင်ချင်
တယ်  နောက်တကြိမ် အစမ်းစာမေးပွဲအတွက်
ကောင်းကောင်းမွန်မွန်  ကြိုးစားကြရအောင် "

"   ဟုတ်ကဲ့ပါ  "

စာသင်ချိန်အပြီး  အတန်းထဲက ထွက်ခါနီး ဆရာရီ
ဘင်းရဲ့ စကားကို  ကျောင်းသား /သူတွေက သံပြိုင်
နာခံကြသည် ။ စာအုပ်တွေကို  သိမ်းရင်း ဘတ်ဟျွန်း
ဟာ  ချန်းယောလ်ကို  မျက်လုံးထောင့်ကနေ မသိမ
သာ  ခိုးကြည့်မိသေးသည် ။ ထိုင်ခုံ နောက်မှီကို လျော့တိလျော့ရဲ ထိုင်ကာ ကျောမှီထားပြီး လက်ပိုက်
နေတဲ့   ချန်းယောလ်က ပါးစောင်းမှာ  တုတ်ထိုးချို
ချဉ်  တချောင်း  ငုံထားလေရဲ့ ။

" ဟေ့ကောင် ဒီည ဆိုစရာပွဲလဲမရှိဘူး  ငါတို့
သောက်ကြမလား   ဟိုကောင်တွေကလဲ အိုကေတဲ့"

ချန်းယောလ် အပေါင်းအပါ တယောက်က သူ့အနား
လာပြီး  ညပွဲအတွက် ခေါ်နေတာကြားတော့ ဘတ်
ဟျွန်း  နားစွင့်ထားပြီး  စိတ်ထဲက ငြင်းဖို့ကို တောင်း
ဆိုနေမိသည် ။ ဒီည စာကျက်ဝိုင်းကို လာမယ်လို့ 
ပြောခဲ့တဲ့   ချန်းယောလ်ကို  အများကြီး မျှော်လင့်ပြီး
အပျော်ကြီး  ပျော်ခဲ့မိတာ  ။ လာရင် မင်း ကျေနပ်မှာ
လား  ဆိုတဲ့ စကားကို ချန်းယောလ် မှတ်မိပါသလား၊
ကျေနပ်မှာလား  ဆိုတာထက်  အတိုင်းမသိ ကျွန်
တော်   ပျော်မိမှာပါ  ချန်းယောလ် ။

First Person For U Where stories live. Discover now