အတန်းဆင်းတော့ စက်ဘီးထားတဲ့နေရာမှာ အနီ
ရောင်စက်ဘီးလေးနှင့်အတူ မတ်တပ်ရပ်နေတဲ့ ချန်း
ယောလ်က ကျွန်တော့်အား စောင့်ကြိုနေသည် ။ ချန်း
ယောလ်ကို မြင်တော့ အပြေးတပိုင်း ခြေလှမ်းတွေနဲ့
ခပ်သွက်သွက်လှမ်းကာ သွားမိသည် ။ ချန်းယောလ်
စောင့်ကြိုနေတယ်ဆိုတဲ့အသိက ဘာနဲ့မှ မလဲနိုင်
အောင်အထိ ကျွန်တော် ပျော်သည် ။ ချန်းယောလ်က
ပြုံးပြမနေပေမဲ့ ချန်းယောလ်က ကျွန်တော့်ကိုစောင့်
နေပေးနေတာ ။ ဒီလောက်ဆိုရင်ပဲ ကျွန်တော်က
အပြုံးတွေ ဖြစ်ထွန်းနေရပါပြီ ။ နောက်ထိုင်ခုံမှာ ခွ
ထိုင်လိုက်တော့ ခြေနင်းပြားပေါ် ခြေထောက်တင်ပြီး
ဖြေးဖြေးမှန်မှန် နင်းလိုက်တဲ့ စက်ဘီးကလေးက
ကျောင်းဝန်းထဲက ကျောင်းသူ/သားတွေကို ကျော်
ဖြတ်ပြီး ထွက်လာခဲ့သည် ။ကားလမ်းမအတိုင်းမဟုတ်ဘဲ ရပ်ကွက်လမ်းကြား
တွေကအတိုင်း တလမ်းဝင်တလမ်းထွက် နင်းလာတဲ့
စက်ဘီးကလေးက အရှိန်လေးနဲ့အတူ ပြေးနေသည်။
ကျွန်တော့်ကို နောက်ထိုင်ခုံမှာ တင်ပြီး စက်ဘီးနင်း
နေသူက ချန်းယောလ် ဖြစ်နေသည်မို့ ကျွန်တော် ရင်
တွေ ခုန်ပြီး ဖုံးဖိမရအောင် နူတ်ခမ်းတွေက ပြုံးမိ၏။" ညနေက ဘောလုံးကန်ထားတော့ ချွေးနံ့က "
ဘတ်ဟျွန်း ပြုံးလိုက်သည် ။ အသံနည်းနည်းထွက်တဲ့
အထိပါ ရယ်မိလိုက်တော့ စက်ဘီးနင်းနေတဲ့ ချန်း
ယောလ်က ခေါင်းစောင်းငဲ့ကာ လှည့်ကြည့်လာသည်။" မနံပါဘူး ဟား လေအေးအေးလေးက နေလို့
ကောင်းလိုက်တာ ဟုတ်တယ်မလား ချန်းယောလ် "လက်နှစ်ဖက်ကို ဘေးကိုဆန့်ထုတ်ကာ ညနေခင်း
လေအေးအေးလေးက စက်ဘီးအရှိန်ကြောင့် အေး
စိမ့်စိမ့်လေး လာတိုးဝင်ပြီး နေလို့ကောင်းသည် ။ ပြီး
တော့ ချန်းယောလ် နဲ့အတူမို့ ပို ကောင်းသည် ။
တလမ်းဝင် တလမ်းထွက် စက်ဘီးလေးက နောက်
ဆုံးတော့ ကိုယ့်လမ်းထဲ ချိုးကွေ့ဝင်လာတော့သည်။
မီနီမားကတ်ရှေ့ ရောက်တော့ အရောင်းဝန်ထမ်း ဦး
လေးကြီးက ဆိုင်ရှေ့ထွက်ပြီး အမှိုက်ပစ်နေတာကို
ဘတ်ဟျွန်းက တက်တက်ကြွကြွလေး နူတ်ဆက်
သည် ။ လက်တဖက်ဝှေ့ ယမ်းပြပြီး ရယ်မော နူတ်
ဆက်တဲ့ ဦးလေးကြီးကတော့ စက်ဘီးအရှိန်ကြောင့်
နောက်မှာ ကျန်ရစ်ခဲ့တော့သည် ။ စက်ဘီး နောက်
ခုံကနေ အေးဆေးသက်သက်သာသာ လိုက်ပါလာ
တဲ့ ဘတ်ဟျွန်းက လမ်းမှာ တွေ့သမျှ လူအကုန်ကို
နူတ်ဆက်နေတော့တာပဲ ။