First Person For U [ 21 ]

2.7K 566 35
                                    


နေ့တိုင်း နေ့တိုင်း စက်ဘီးလေးနဲ့ နှစ်ယောက် အတူ
ကျောင်းတက်ရင်း ၊ နှစ်ယောက်အတူ စာလုပ်ကြရင်း
စာသင်နှစ်က တဝက်ကျိုးလာခဲ့ပြီ ။ စာသင်နှစ် တစ်
ဝက်ကျိုးသွားတဲ့အချိန်က ဘတ်ဟျွန်းက ချန်းယောလ်
ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေး ဖြစ်လာသည်။ ည
တိုင်း  အတူ စာလုပ်ရင်း ၊ ခေါက်ဆွဲပြုတ် တူတူ စား
ကြပြီး  ကိုးနာရီကျော်တဲ့အချိန်မှ ချန်းယောလ်ကအိမ်
ပြန်သွားတတ်သည် ။ တခါတခါ သီချင်းဆိုစရာနေ့ရှိ
တဲ့အခါ  ၉နာရီလောက်မှ  ရောက်လာတတ်ပြီး ခဏ
နေပြီးမှ  ပြန်တတ်သည် ။ စာမေးပွဲ ရလဒ်တွေက
စိတ်ချစရာ အခြေအနေဖြစ်လာတာကိုတော့ ဘတ်
ဟျွန်း  ကျေနပ်သလို ချန်းယောလ်လဲပျော်သည့်ပုံပင်။

ဒီည ချန်းယောလ်က သီချင်းဆိုစရာရှိလို့ နောက်ကျ
မယ် လို့ စာပို့ထားတော့ ဘတ်ဟျွန်းက အင်း လို့ပြန်
စာလေး ပို့လိုက်သည် ။ ဒီနေ့ပိတ်ရက်မှာ ဘတ်ဟျွန်း
က အဖျားဝင်ပြီး နေမကောင်းဖြစ်နေတာကို ချန်း
ယောလ် မသိသေးဘူး ။ အနွေးထည်အပါးလေးသာ
ဝတ်ပြီး  အိပ်လိုက် ၊ တီဗွီ ထိုင်ကြည့်လိုက် လုပ်ပြီး
နောက်  ဘတ်ဟျွန်း တစ်ယောက်ထဲမို့ ပျင်းရိလာ
တော့သည် ။  အချိန်ကို ကြည့်လိုက်တော့ ည၈နာရီ
ကျော် ဖြစ်နေပေမဲ့  အနီးနားက ပန်းခြံဟောင်းလေး
ဘက်ကို ထွက်လာခဲ့လိုက်သည် ။

လှမ်းမြင်နေရတဲ့ ခုံတန်းလေးမှာ ကျောပေးထိုင်နေသူ
က ချန်းယောလ်မှန်း ဘတ်ဟျွန်း အတပ်သိသည် ။
ချန်းယောလ်က ဆေးလိပ်သောက်နေတာကို မြင်မြင်
ချင်း ဘတ်ဟျွန်း သက်ပြင်းတချက် လေးလေးပင်ပင်
ချလိုက်မိသည် ။  အနားမှာ သွားဝင်ထိုင်လိုက်တော့
ချန်းယောလ်က တချက်လှည့်ကြည့်လာသည် ။

"    မအိပ်သေးဘူးလား   အိပ်မပျော်လို့လား   "

       "  အင်း   အဟွတ်   အဟွတ်   "

ဆေးလိပ်အငွေ့ကြောင့် အဆက်မပြတ် ချောင်းထဆိုး
တဲ့  ဘတ်ဟျွန်းကြောင့် ချန်းယောလ်က သူ့လက်ထဲ
က ဆေးလိပ်ကို ပစ်ချလိုက်ပြီး ဖိနပ်ထိပ်နဲ့ ဖိချေပစ်
လိုက်တော့သည် ။ အနွေးထည်ပါးပါး နဲ့ မျက်နှာ ခပ်
နွမ်းနွမ်းချိချိ ဘတ်ဟျွန်းကို ချန်းယောလ် အကဲခတ်
လိုက်သည် ။

First Person For U Where stories live. Discover now