" ဝင်သွားလိုက်လေ သားကို တွေ့ချင်နေတယ်ထင်
တယ် အန်တီ အပြင်ခဏ သွားလိုက်ဦးမယ် "အန်တီက အပြုံးနှင့်အတူ ပုခုံးကိုပုတ်ပြီး အနားက
ထွက်သွားတာမို့ ချန်းယောလ် လေးလေးပင်ပင်သက်
ပြင်းချမိသည် ။ သူ အထိတ်တလန့်နဲ့မို့ သွေးပျက်မ
တတ် ထိတ်လန့်ခဲ့ရတာ ။ ဒီ တညလုံး ဆေးရုံကခုံ
တန်းမှာပဲ တညလုံး သူ ထိုင်နေခဲ့သည် ။ ခေါင်းက
နေ သွေးတွေထွက်ပြီး သတိလစ်နေတဲ့ ဘတ်ဟျွန်း
ကို သူ ပွေ့ချီပြီး အော်ဟစ် အကူညီတောင်းခဲ့ရ၏ ။
ဘတ်ဟျွန်း မျက်လုံးတွေ ပွင့်မလာ ကြောက်ခဲ့ရ
သည် ။ တညလုံး သူ ထိတ်လန့်ပြီး ခြေမကိုင်မိ
လက်မကိုင်မိ အရူးတပိုင်း ဖြစ်ခဲ့ရသည် ။အရမ်းကြီး
မထိခိုက်မိခဲ့တာ ကျေးဇူးတင်ရမယ် ဆိုတဲ့ ဆရာဝန်
ရဲ့စကားကြားမှ သက်ပြင်းချနိုင်ခဲ့ရသည် ။တုံ့နှေးတုံ့နှေးနဲ့ အခန်းတံခါးကို အသာတွန်းလိုက်
တော့ ဆေးရုံဝတ်စုံအဖြူ နဲ့ ဘတ်ဟျွန်းက ခေါင်းမှာ
ပတ်တီးလဲ စည်းထားသေးသည် ။ လက်တဖက်မှာ
ဆေးချိတ်ထားတာမို့ ကုတင်ထက်မှာ လှဲနေရတဲ့
ဘတ်ဟျွန်း အနားမှာ ဘတ်ဟျွန်း အဘွားလဲ ရှိနေ
သည် ။ တဖြေးဖြေး ခြေလှမ်းတွေ လှမ်းကာ ဝင်
သွားလိုက်တော့ အဘွားက လှည့်ကြည့်လာပြီး လက်ယက် ခေါ်နေတာမို့ အနားကို သွားလိုက်ရသည်။" ဒီအနားက လာကြည့်မှ မြင်ရမှာပေါ့ ကောင်လေးရဲ့
ဟျွန်းလေးက အိပ်ပျော်သွားပြီထင်တယ်ကွယ် စောန
ကအထိ မင်းကို မေးနေသေးတာ ဒီကောင်လေးက
စိတ်ထားတော့ ပြည့်သလားမမေးနဲ့ သူ့အတွက် သူ
မပူဘူး မင်းအတွက်လူကြီးလေးလို ပူပန်နေတာ "မျက်လုံးမှိတ်ပြီး အိပ်ပျော်နေတဲ့ ဘတ်ဟျွန်းကို ချန်း
ယောလ် ကြာကြာမကြည့်နိုင်တာမို့ မျက်နှာလွှဲပစ်
လိုက်ရသည် ။ သူ့အမှားမကင်းတာမို့ ဘတ်ဟျွန်းကို
စေ့စေ့တောင် မကြည့်ဝံ့ပါဘူး ။ ဘယ်လို သတ္တိမျိုး
နဲ့ သူ့ကိုတွန်းထုတ်ပြီး ကားရှေ့ ရပ်ဖို့ လုပ်ရဲခဲ့တာ
လဲ ။ ဘတ်ဟျွန်း မင်းက ဘယ်လိုလူမျိုးလဲကွာ ။" ဟျွန်းလေးက အိပ်ပျော်နေတာလား သားလဲ တည
လုံး မအိပ်ရသေးဘူးမလား အိမ်ပြန်နားလိုက်ပါဦး
ညနေကျမှ ထပ်လာခဲ့ပေါ့ "