ငါတို့ရဲ့တွေ့ဆုံမှုက တိုက်ဆိုင်မှုတစ်ခုဖြစ်ရုံပဲလား?
------------------------‐-
CHAPTER - ONE
"ရှင်းယန်" အထက်တန်းကျောင်း၏ ဒုတိယအပတ်
ကျောင်းဖွင့်ရက် (တနင်္လာနေ့) မှာ ဂိတ်စောင့်ဦးလေးကြီးက "နွေရာသီ ကျောင်းဖွင့်ရက်မှ ကြိုဆိုပါတယ်" ဆိုတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချနေသည်။
စုစုရုံးရုံး တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကျောင်းဝန်းထဲ ဝင်လာနေတဲ့ တူညီယူနီဖောင်းနှင့် ကျောင်းသား/ ကျောင်းသူ
တွေက ဂိတ်စောင့်ဦးလေးကြီးကို စစနောက်နောက်နဲ့ နှုတ်ဆက်သွားကြတာကို ဦးလေးကြီးက ခေါင်းတညိတ်ညိတ်နဲ့ ပြန်လည်နှုတ်ဆက်သည်။
"ဦးလေးကြီး နွေရာသီကျောင်းပိတ်ရက်ကို မကြိုဆိုတော့ဘူးလား?"
"ပထမတစ်ပတ်ကြိုဆိုပြီးနေပြီတဲ့ မင်းတို့ ကျောင်းအပ်ကြီးက ဖြုတ်ခိုင်းနေပြီကွ"
စာသင်ချိန်တွေ နီးကပ်လာတာမို့ ကျောင်းတံခါး မပိတ်ခင်နောက်ဆုံးဝင်လာတဲ့ ကျောင်းသားလေးကို ဂိတ်စောင့် ဦးလေးကြီးက ပြုံးပြကာ အမြန်ဝင်ဖို့ လက်ယက်ပြလိုက်သည်။
အမည် ဗြောင်ဘတ်ဟျွန်း နာမည်ကတ်ပြားကို ရင်ဘတ်မှာတပ်ထားပြီး ပထမဆုံးစဝတ်ရတဲ့ ကျောင်းယူနီဖောင်းက ကျောင်းပြောင်းကျောင်းသား တစ်ယောက်အတွက် အနည်းအကျဉ်းတော့ စိတ်လှုပ်ရှားစရာကောင်းနေ၏။
လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဂိတ်စောင့်ဦးလေး
ကြီးကို ရီပြလိုက်ကာ ကျောင်းဝင်းထဲကို ဝင်လာလိုက်တော့သည်။
အထက်တန်းကျောင်းကို ရီယန်ကျောင်းသို့ ပြောင်း
တက်ရခြင်းက မေမေ့ဆန္ဒတစ်ခု ဖြစ်နေပြီး၊
အောင်ချက်ရာခိုင်နှုန်းနှင့် ပတ်သတ်ပြီး နာမည်ကြီးတဲ့ ကျောင်းမို့ အမှတ်ကောင်းကောင်းရချင်ပြီးဘတက္ကသိုလ်ကောင်းကောင်းကို ဝင်ခွင့်ရချင်တဲ့ ဆန္ဒကြောင့်ပင် ဖြစ်သည်။
နေရာအသစ်အဆန်းကိုရောက်နေရတာမို့ စိတ်လှုပ်ရှားပြီး သက်ပြင်းတွေ ခဏခဏချနေမိသည်။ လက်ကနာရီကို တစ်ချက်ကြည့်လိုက်ကာ ကျောင်းသားသစ်