First Person For U [ 26 ]

2.4K 470 13
                                    


တက္ကသိုလ်တက်တာ အချိန်က တစ်ပါတ်တိတိ ကြာ
သွားပြီ ။ တစ်ပါတ်တိတိ အချိန်အတွင်းမှာ ချန်း
ယောလ်နဲ့ ဘတ်ဟျွန်းရဲ့ သူငယ်ချင်း ဆက်ဆံရေးက
ပိုပိုပြီး ရင်းနှီးလွယ်လာကြသည် ။ သူငယ်ချင်း နှစ်
ယောက်ဖြစ်တဲ့ ဂျုံအင်နဲ့ရီရှင်းရဲ့ အကြောင်းတွေလဲ
ပိုပိုပြီး သိလာကြသည် ။ လေးယောက် တစ်ဖွဲ့ ဒီ သူ
ငယ်ချင်း အုပ်စုက သွားအတူ ၊စားအတူ ပျော်စရာ
ကောင်းကြသည် ။ တက္ကသိုလ်ကျောင်းသား ဘဝ
က စာမေးပွဲမနီးသရွေ့  နေ့ရက်တိုင်းက ပျော်စရာပဲ
မဟုတ်လား ။ အတန်းလစ်ချင်ရင်လဲ လစ်လို့ရပြီး ၊
ကန်တင်းသွားထိုင်ရင်ချင်လဲ ရသည်လေ ။နောက်
ကနေ နားရွက်ဆွဲပြီး အတန်းထဲ ပြန်ခေါ်သွင်းမဲ့ ဆရာ / ဆရာမတွေမှ မဟုတ်ကြတော့တာ ။ တက္က
သိုလ် ကျောင်းသားဘဝကလွတ်လပ်မှု အပြည့်ပဲလေ၊

" ဒီတပါတ်အတွင်း Dance Club က ဂျုံအင်
ကြောင့် မိန်းကလေးတွေ တော်တော်များများ ဝင်လာ
ကြတယ်တဲ့ ဝါး ဂျုံအင်က မိုက်တယ် "

ဘတ်ဟျွန်းက ပါးနှစ်ဖက်အပြည့် ပေါင်မုန့်တွေ အ
ပြည့်ကြောင့် ဂျုံအင်ကို ချီးကျူးစကားက ဗလုံပထွေး
ထွက်လာသည် ။ လက်မထောင်ပြပြီး မျက်လုံးတွေ
ပိတ်ကျသွားတဲ့အထိ ချီးကျူးလိုက်တာကို ဂျုံအင်က
လက်တွေခါပြပြီး မဟုတ်တာကွာ ဆိုပြီး ရှက်ရှက်နဲ့
ငြင်းရှာသည် ။ အနေအေးတဲ့ ရီရှင်းကတော့ လက်
ခုပ်တီးပေးတယ် ။ ဘတ်ဟျွန်းပါးစပ်ထဲက ထွက်ကျ
တဲ့ ​ပေါင်မုန့်သား အစအနတွေက ရှေ့မှာ တင်ထား
တဲ့ ဘတ်ဟျွန်းရဲ့ လွယ်အိတ်နက်ပြာလေးပေါ် လွင့်
စင်ကျကုန်သည် ။ ချန်းယောလ်ကတော့ စကားဝိုင်း
ထဲ ဝင်မပါဖြစ်ဘဲ ဘတ်ဟျွန်းလွယ်အိတ်ပေါ်က
ပေါင်မုန့်သားအစအနတွေကို လက်နဲ့ပုတ်ထုတ်ပေး
နေသည် ။

" နောက်ပြီးတော့ Music Club က ဆရာကြီး
ကတော့ပတ်ချန်းယောလ်ဖြစ်ပါတယ် ဖြောင်းဖြောင်း"

ဘတ်ဟျွန်းက ပါးနှစ်ဖက် ဖောင်းဖောင်းကားကားနှင့်
သူ့ဘေးက ချန်းယောလ်ဘက်ကို လှည့်ပြီး လက်ခုပ်
တီးတော့သည် ။ ဒီတခါတော့ ရီရှင်းနဲ့အတူတူ လက်
ခုပ်လိုက်တီးသူ ဂျုံအင်ပါ ပါလာတော့သည် ။ သူတို့
လက်ခုပ်သံတွေကြောင့် တခြားဝိုင်းက လူတွေကပါ
ဝိုင်းကြည့်လာကြတာမို့ ချန်းယောလ် ရှက်တောင်ရှက်
မိလာတယ် ။ ဒီအရူးတွေကတော့ လို့သာ တီးတိုးရေ
ရွတ်လိုက်ရတော့သည် ။

First Person For U Where stories live. Discover now