ပထမအပါတ် အစမ်းစာမေးပွဲမှာ အခြေအနေလုံးဝ
မကောင်းတဲ့ ချန်းယောလ်ရဲ့ရမှတ်တွေကြောင့်
ဘတ်ဟျွန်း သက်ပြင်းချကာ တွေဝေနေသည် ။ ချန်း
ယောလ်ကို တခုခုလုပ်ပေးချင်မိသည် ။ ဒီလိုသာ
ဆက်သွားနေရင် ချန်းယောလ် အခြေအနေက ပို,ပို
ပြီး ဆိုးလာဖို့ပဲရှိတော့သည် ။ ရမှတ် ဘယ်လောက်
ဆိုးရွား ဆိုးရွား ချန်းယောလ်ကတော့ ဂရုစိုက်နေမှာ
မဟုတ်ဘူး ။ အရင်အတိုင်း အတန်းတွေ လစ်ပြီး ၊
ဆေးလိပ်တွေ သောက်နေဦးမှာပါပဲ ။ အခုတောင်
လွယ်အိတ်ကို ပုခုံးပေါ်တင်ပြီး အတန်းထဲက ထွက်
သွားတဲ့ ချန်းယောလ်ကို ဘတ်ဟျွန်း လိုက်ကြည့်မိ
သည် ။" မင်း ချန်းယောလ်ကို ကြိုက်နေတာလား "
လေသံတိုးတိုးနဲ့ အနားကပ်မေးတဲ့ မင်ဆော့ကြောင့်
ဘတ်ဟျွန်းခန္ဓာကိုယ်ကို အနောက်ကို ယို့ကာ မျက်
လုံးတွေက ဝိုင်းစက်သွားသည် ။ နီးကပ်နေတဲ့ မင်
ဆော့ရဲ့ မျက်နှာက ဟုတ်တယ်မလားလို့ မေးနေသည့်အတိုင်း ။ ခေါင်းလဲမခါမိ ၊ ခေါင်းလဲမညိတ်မိခဲ့ ။" အချစ်က ထူးဆန်းတယ်နော် ငါက မင်းရှေ့မှာ
ပတ်ချန်းယောလ် မကောင်းကြောင်းတွေကို ဒီလောက်ထိ ပြောထားတာတောင်မင်းက ကြိုက်သွားတယ်"" ဘယ် ဘယ်လိုလုပ်သိတာလဲ မင်ဆော့က "
" အချစ် နဲ့ ချောင်းဆိုးတာက ဖုံးကွယ်ထားလို့ မရဘူး
တဲ့ မသိဘူးလား ဘတ်ဟျွန်းရာ ၊ မင်း ရုပ်ပျက်
ဆင်းပျက်ဖြစ်အောင် လိုက်လိုက်ကြည့်နေတာကိုလဲ
သတိထားဦး တခြားသူတွေပါ သိကုန်ဦးမယ် "ပတ်ဝန်းကျင်ကို မသိမသာ အကဲခတ်မိသည် ။ ကျွန်
တော် ဒီလောက်အထိ ရိပ်မိအောင် သိသွားခဲ့တာ
လား ။ မင်ဆော့ကတော့ ဒီထက်ပိုပြီး မေးမြန်း
တာမျိုးတော့ မလုပ်တော့ပေမဲ့ သဘောမကျတဲ့ပုံပဲ ။" မင်း သဘောနဲ့ မင်းပါပဲ ဒါမဲ့ ဘတ်ဟျွန်း ငါ
သဘောမကျဘူး တခြားသူသာဆို ငါ ဘာမှ မပြော
ဘူး အခုက ပတ်ချန်းယောလ် ဖြစ်နေလို့ပဲ "မင်ဆော့က သူ့နေရာသူ ပြန်ထိုင်သွားပြီးနောက် ဘတ်ဟျွန်းကလဲ ငြိမ်သက်သွားသည် ။ ဆရာ မဝင်ခင်
ဆူညံနေတဲ့ အတန်းမှာ ခုံပေါ် ခေါင်းမှောက်ကာ
ဘတ်ဟျွန်း မျက်လုံးတွေကို မှိတ်ထားသည် ။