First Person For U [ 24 ]

2K 499 57
                                    


အထက်တန်းအောင်စာရင်းထွက်မည့်ည

ချန်းယောလ်တစ်ယောက် စိတ်တွေ အင်မတိအင်မ
တန် လှုပ်ရှားလွန်းပြီး ပေါင်ပေါ်ဂစ်တာတင်ကာ စိတ်
ငြိမ်အောင် ဂစ်တာတီးကြည့်ပေမဲ့ လက်ဖျားတွေက
အေးစက်ပြီး တဆတ်ဆတ်တုန်လာတော့ သံစဉ်တွေ
ကလဲ ကပေါက်တိကပေါက်ချာနိုင်နေသည် ။ သက်
ပြင်းတွေ အခါခါချ စိတ်ကို တင်းထားကြည့်ပေမဲ့လဲ
အဆင်ကမပြေလှ ။ တတောင်တောင်နဲ့ ဖုန်းထဲ ဝင်
လာတဲ့ စာတွေက ဘတ်ဟျွန်းဆီကမို့ ဂစ်တာကို
ဘေးမှာ ချထားပြီး စားပွဲပေါ်က ဖုန်းကိုလဲ ပြေးယူ
ကြည့်ရသေးသည် ။

ချန်းယောလ်ရား ငါ ရင်တွေခုန်နေတာ အရမ်းပဲ ။
မနက်ကထိ အဆင်ပြေနေတာကို အချိန်နီးလာလေ
လက်ဖျားတွေကအစ အေးစက်လာလေပဲ

ဒီဂဏန်းလေးကအစ ဒီလောက်ထိ ပူပန်ပြနေတာ သူ
ဆိုရင် ပြောပြစရာတောင် မလိုတော့ဘူး ။ အရင်က
အထက်တန်း မအောင်ချင်တဲ့စိတ်ကြီးက အခုတော့
မအောင်မှာထက် ဂဏန်းလေးနဲ့တူတူ တက္ကသိုလ်
မတက်ရတာကို ပိုကြောက်နေသည် ။

ဟေး ဂဏန်းလေး မင်းက ပူစရာမလိုဘူးလေ

✉ ရင်တွေခုန်နေတာ ချန်းယောလ်နဲ့သာ တက္ကသိုလ်
တူတူတက်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ ပိုပြီး စိတ်
လှုပ်ရှားတယ်

ခွက်ဝင်သွားတဲ့အထိ ပါးချိုင့်နက်နက်က အပြုံးအားပါ
ပါ ။ ဂဏန်းလေးက ဒီလောက်အထိ စိတ်လှုပ်ရှားနေ
တယ်တဲ့လား ။

အောင်စာရင်းထွက်ဖို့ အချိန်နီးနေပြီနော်

ငါးမိနစ်သာလိုတော့သောအချိန် ။ ရင်တွေ တဒိတ်
ဒိတ်နဲ့ ထိုင်မရ, ထမရဖြစ်လာသည် ။ဖုန်းကို ကိုင်
ထားတဲ့ လက်တွေက ချွေးစေးတွေတောင်ထွက်နေပြီ
အချိန်တွေကို ရေတွက်ရင်း မျက်လုံးကလဲ ဖုန်းကို
သာ တစိုက်မတ်မတ် ကြည့်ကာ ရင်ဘတ်ထဲက
ပေါက်ကွဲလုနီးပါး နှလုံးခုန်သံတွေကိုတောင် နားက
ပြန်ကြားနေရသည့်အထိ ။ ဖုန်း မျက်နှာပြင်ပေါ်တက်
လာတဲ့ အောင်စာရင်းကို ကြည့်ရင်း ကိုယ့်အမည်နာ
မ အား အလောတကြီး လိုက်ရှာဖွေရင်း ဦးနှောက်
က ဗလာနတ္ထိ ။

First Person For U Where stories live. Discover now