ဒီနေ့ အတန်းထဲမှာ ချန်းယောလ် မရှိခဲ့ပါဘူး ။အရိပ်
အယောင်တောင် ပေါ်မလာတဲ့ ချန်းယောလ်က ဒီနေ့
တော့ အတန်းတက်လာဖို့ မျှော်လင့်ချက် မရှိတော့ပါ
ဘူး ။ နဖူးက ဒဏ်ရာက သက်သာရဲ့လား ။ ဘာဖြစ်
ခဲ့တာလဲ ဆိုတာတောင် ပြင်းပြင်းပြပြ မေးချင်စိတ်
ကို ချိုးနှိမ်ခဲ့ရသည် ။ ချန်းယောလ်က ကိုယ့်ကိုကိုယ်
လိမ်ညာပြီး သန်မာချင်ယောင်ဆောင်နေခဲ့တယ် ။
တကယ်တမ်းတော့ ချန်းယောလ်က ငိုချပစ်ဖို့. ပုခုံး
တဖက် နဲ့ ဖေးမပေးမဲ့ လက်တစုံ လိုအပ်နေခဲ့သည်။
အဲ့ဒီလူကကျွန်တော် ဖြစ်ခွင့်ပေးရင်သိပ်ကောင်းမည်၊ထွေးပွေ့ပေးရင်း အဆင်ပြေသွားမှာပါ နှစ်သိမ့်ပေး
ချင်သည် ။ ပြီးရင်တော့ လက်တွေကို မြဲမြံစွာ ဆုပ်
ကိုင်ပေးပြီး အနားမှာ အတူရှိနေပေးပါမယ် ။ဒီနေ့တောင် အတန်းထဲ ပေါ်မလာတဲ့ ချန်းယောလ်
က ညစာကျက်ဝိုင်းမှာလဲ ပေါ်လာနိုင်စရာ အကြောင်း
မရှိတော့ပါဘူး ။ သူ့အပေါင်းအသင်းတွေကတောင်
အတန်းထဲ ရှိနေကြချိန် ချန်းယောလ်ကတော့ ပေါ်မ
လာခဲ့ပါဘူး ။ ဒီနေ့ ဆရာရီဘင်းဆီက ခွင့်တောင်းပြီး
ပထမအစမ်းစာမေးပွဲတုန်းက ချန်းယောလ်ရဲ့ ရမှတ်
တွေကို တောင်းကြည့်ခဲ့သည် ။ ဘာသာတိုင်း လိုလို
အားနည်းတဲ့ ရမှတ်တွေကြောင့် ချန်းယောလ်က
စာလုပ်ဖို့ လိုအပ်နေပြီ ။ ချန်းယောလ်ကတော့ အ
ထက်တန်းကို အောင်ချင်ပုံတောင် မပေါ်ဘူး ။ အခု
တောင် ဘယ်နေရာသွားပြီး ဆေးလိပ်သောက်နေ
လိမ့်မလဲ ။တကယ်လဲ ညဘက် စာကျက်ဝိုင်းမှာ ပေါ်မလာခဲ့ပါ
ဘူး ။ ပျက်ကွက်စာရင်းမှာ ထုံးစံအတိုင်းချန်းယောလ်
နာမည်ကို မင်ဆော့ကို ချရေးလိုက်ပြီ ။ မျှော်လင့်
ကြည့်ပေမဲ့ စာကျက်ဝိုင်းပြီးသွားတဲ့ အချိန် အထိ
တောင် ချန်းယောလ်က ရောက်မလာခဲ့ပါဘူး ။ဒီနေ့
သာ ရောက်လာရင် နောက်ထပ် သင်ခန်းစာ ၂ ခန်း
လောက် ပြီးနေလောက်မည် ။စာကျက်ဝိုင်းကအပြန် မီနီမားကတ်လေးဆီ သွားပြီး
လိုအပ်တာတွေ သွားဝယ်တော့ စီးကရက်ဘူး ဝယ်
ဲပြီး ပြန်ထွက်လာတဲ့ ချန်းယောလ်နဲ့ တည့်တည့်သွား
တိုးတော့သည် ။ ချန်းယောလ်ကတော့ မသိချင်
ယောင်ဆောင်ပြီး ထွက်သွားတာမို့ ဝယ်စရာရှိတာ
တောင် မဝယ်နိုင်ဘဲ နောက်ကနေပြေးလိုက်ရသည်။