First Person For U [ Final]

2K 276 20
                                    

ဘတ်ဟျွန်းတစ်ယောက် ခြောက်နာရီတိတိ အချိန်
ကြောင့်  အိမ်ထဲကနေကတိုက်ကရိုက် ပြေးထွက်လာ
ခဲ့ရပါတော့သည် ။မနေ့ညနေက ခေါင်းလျှော်ထားပြီး
ဒီမနက် သေချာမဖြီးထားရတော့ ပွလန်ကြဲနေတဲ့ ဆံပင်တွေကို လက်နဲ့သာ ပြေးရင်းလွှားရင် ပုံသွင်းနေရ
သေးသည် ။ လက်တဖက်ကလဲ ဆူညံအောင် မြည်
နေတဲ့ ဖုန်းကို ဖြေနေရသေးသည် ။ သူ့ရဲ့လက်ဆွဲ
အိတ်ကို ကိုင်ထားစရာ လက်တွေထပ်မရှိတော့တာ
ကြောင့် ဖုန်းဖြေနေတဲ့လက်၏ တံတောင်ဆစ်တွင်
ချိတ်ဆွဲထားရ၏ ။ ချန်းယောလ်ပြောသလို ဂဏန်း
လေး လက်အများကြီးရှိရင် ဘယ်လောက် ကောင်းမ
လဲ ။ အိပ်ရာထ နောက်ကျတာလဲ ပတ်ချန်းယောလ်
ကြောင့် ။ မနက် အလုပ်သွားရမယ်ဆိုတာ သိသိကြီး
နဲ့ ။ အိုက်ယိုး  မပြောချင်တော့ပါဘူး ။

" လာနေပါပြီဆိုကွာ  မှတ်တိုင်ကစောင့်နေ အ့အား "

တဖက်က ဂျုံအင်ကို မဲပြီးအော်မိတော့ ပန်းအိုးတစ်
လုံးတွေကို ခြေထောက်တဖက်က ဝင်တိုက်သည် ။
တဖက်က ကင်ဂျုံအင်ကတော့ တဟဟားအော်ရယ်
နေတော့တာပဲ ။ဘတ်ဟျွန်းကတော့ တော်တော်လေး
မောဟိုက်နေပြီ ။အလုပ်နောက်ကျရင် ဋ္ဌာနမှူးစိတ်တို
ကြီးက နှာတင်းဦးမည် ။ ပြီးရင် နားတွေပွင့်ထွက်မ
တတ် စကားတွေ ပြောဦးမည် ။ ဒါတွေအားလုံး ပတ်
ချန်းယောလ်ကြောင့် ။ ဒင်းကတော့ မနက်မိုးလင်းထဲက အလုပ်ကိစ္စရှိတယ်ဆိုပြီး လစ်သွားတာ တချိုးထဲ။
ဘတ်ဟျွန်းမသိတာ ထွက်ပြေးသွားတာက သူ့အ
တွက် အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ ဂဏန်းလေး
၏ စူးရှတဲ့လက်မတွေက သူ့ကိုအပြစ်ပေးလိမ့်မည် ။

" ဟဟား  ဖြေးဖြေးပေါ့ကွ  ငါလာခေါ်ပေးမှာပေါ့ကွာ
ငါ  ရှင်းကိုစောင့်နေလို့ နောက်ကျနေတာ "

ကားက ကင်ဂျုံအင်၏ ကိုယ်ပိုင်ကား ။ သူဋ္ဌေးသားပဲ
ကားတစ်စီးလောက်ကတော့ ပိုင်တာပေါ့ ။ ပိုက်ဆံ
အိတ်ထဲမှာတော့ အပိတ်ခံထားရတဲ့ ကတ်တွေနှင့်
ဗလာသက်သက်ပါပဲ ။ အလုပ်ဝင်နေကြတာ ကုမ္ပဏီ
တစ်ခု မှာ သုံးယောက်အတူ ။ သူတို့က တက္ကသိုလ်
ကျောင်းသားလေးတွေ  မဟုတ်ကြတော့ဘူး ။ အချိန်
တွေ ကြာပြီးနောက် လုပ်ငန်းခွင်ဝင်နေကြပြီဖြစ်တဲ့
ကောင်ကလေးတွေ ဖြစ်ကုန်ကြပြီ ။ အသီးအသီးက
ကိုယ့်လုပ်ချင်တဲ့ နယ်ပယ်မှာ နေရာယူကြပြီးပြီလေ။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jul 03, 2021 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

First Person For U Dove le storie prendono vita. Scoprilo ora