ကျောင်းပြန်ဖွင့်ရက်မှာ မနက်စောစော ယူနီဖောင်း
ဝတ် ၊ လွယ်အိတ်လွယ်ပြီး အခန်းထဲက ထွက်လာတဲ့
ချန်းယောလ်ကို မနက်စာ စားဖို့ အသင့်ထိုင်နေကြ
တဲ့ မိသားစုဝင်တွေက တအံ့တသြငေးကြသည် ။မေ
မေကတော့ ဝမ်းသာသွားတဲ့ အပြုံးတွေနှင့် ကော်ဖီ
ဗန်းကို စားပွဲပေါ် ကပြာကယာတင်လိုက်ကာ "သား
" လို့ ခေါ်လာသည် ။ မမကတော့ လက်မထောင်ပြ
ပြီး တော်တော်လေး ဝမ်းသာနေတော့သည်။ဖေဖေ
ကတော့ ချောင်းဟန့်သံတချက်ပေးကာ ဂရုမစိုက်
သလို ကော်ဖီဆက်သောက်နေ၏ ။ ချန်းယောလ်
ဘယ်သူ့ကိုဂရုမစိုက်မနေတော့ဘဲ အိမ်ထဲက ထွက်
လာခဲ့လိုက်တော့ နောက်က မေမေ့အသံက ထွက်
လာသည် ။" သား တခုခုစားသွားဦးလေ ကော်ဖီပဲဖြစ်ဖြစ် "
ကျောင်းစာသင်ခန်းထဲ အတန်းချိန်စစချင်း ဆရာရီ
ဘင်း ဝင်လာခဲ့တဲ့နောက် ချန်းယောလ် မျက်နှာလွှဲ
နေလိုက်သည် ။ မျက်လုံးလှန်ကြည့်ကာ တချက် ပြုံး
လိုက်တဲ့ ဆရာရီဘင်းက လူစာရင်းစစ် နာမည်ခေါ်
တော့၏ ။" မင်းတို့သူငယ်ချင်း ဘတ်ဟျွန်းက ကားမတော်တ
ဆလေးဖြစ်ထားလို့ ဆေးခွင့်တင်ထားတယ် အရမ်း
တော့ စိတ်မပူရပါဘူး မစိုးရိမ်ကြနဲ့ "လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ အတန်းဖော်တွေက ဘတ်ဟျွန်းကိုတော့ ခင်မင်ကြသည် ။ ဘယ်သူ့ကြောင့်
ဖြစ်သွားခဲ့တဲ့ ကားမတော်တဆမှုဆိုတာ မင်ဆော့က
လွဲလို့ ဘယ်သူမှ သိမည်မထင် ။ ပထမဆုံး အတန်း
ချိန်စတော့ နေရာလွတ်ဖြစ်နေတဲ့ ဘတ်ဟျွန်းထိုင်ခုံ
ကို ချန်းယောလ် အကြည့်ရောက်မိသည်။ စာကြိုးစား
တဲ့ ဘတ်ဟျွန်းက သူ့ကြောင့် ကျောင်းစာတွေနောက်
ကျကုန်တော့မည် ။ မနက်ပိုင်း အတန်းချိန်ကစလို့
အတန်းချိန်တက်လာခဲ့တာ နောက်ဆုံး အားကစားချိန်
ရောက်တော့ ချန်းယောလ် လွယ်အိတ်ဆွဲကာ ကျောင်းအပြင် ထွက်လာခဲ့လိုက်တော့သည် ။" ချန်းယောလ် ငါတို့ သီချင်းသွားကျင့်ကြမယ် ပြီးရင်
စားကြသောက်ကြမယ်လေ မကောင်းဘူးလား "" သွားစရာရှိလို့ မင်းတို့ဘာသာပဲ သွားနှင့်ကြတော့"
အဖော်တွေက ပုခုံးကိုလာဖက်ကာ အတင်းခေါ်ပေမဲ့
ချန်းယောလ် ငြင်းလိုက်တယ် ။ ကားမှတ်တိုင်မှာ တူ
တူ ကားစောင့်နေကြပေမဲ့ သူတို့နဲ့လိုက်ဖို့ စိတ်ကူးမ
ရှိခဲ့ဘူး ။