Description

23.8K 987 13
                                    

[Unicode]

ချူယု ဟာဆိုရင်ကြည့်​ကောင်းတဲ့ရုပ်ရည်ရှိပြီး​တော့ ​ကောင်းမွန်တဲ့မိသားစု​နောက်ခံကိုလည်းပိုင်ဆိုင်ထားသည်။ သူဟာဆိုရင်ဖြင့် အပျင်းထူလွန်းအားကြီးပြီး ပြုပြင်လို့မရ​နိုင်လောက်တဲ့ လူတစ်ယောက်ဖြစ်​ပေမဲ့လည်း ကျန်ရင် ကိုယ်ပိုင်အထက်တန်း​ကျောင်းမှတော့ ​သူ့ရဲ့ကြည့်​ကောင်းတဲ့ရုပ်ရည်​ကြောင့် '​ကျောင်းရဲ့ပန်းပွင့်​လေး' အဖြစ် ကြီးမား​သော မဲ​​ပေးစနစ်နှင့်အတူ မဲ​မေးခြင်းခံထားရသူတစ်​ယောက်ဖြစ်သည်...။
                          ​​ကျောင်းတစ်ခုလုံးဟာဆိုရင် ချူယုကို ဆိုးဝါးလှတဲ့မှတ်ချက်​တွေနဲ့အတူ ဒုတိယနှစ်ရဲ့ စာအ​တော်ဆုံး ​ကောင်​လေးအဖြစ်သိထားကြတယ်....သူဟာ အမျိုးမျိုး​သောပြိုင်​ပွဲတွေဆီက​နေ လက်ခံရရှိတဲ့ဆုတံဆိတ်​တွေကို သူယူတဲ့အခါတိုင်း သူ့ရဲ့ပျင်းတိပျင်းရွဲနဲ့​ပျော့ဖတ်​နေတဲ့လက်​တွေနဲ့ပဲ သူယူ​လေ့ရှိတယ် သူ့ကိုဆု​ပေး​နေတဲ့သူ​တွေက ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်​ပေါ့....။ သူဟာအ​နေ​အေးတယ်၊ တစ်ခါတစ်​လေ ကျယ်​လောင်စွာရီတတ်တယ်၊ စကားနည်းတယ် ပြီး​တော့ လုရှီးကလွဲရင်တစ်​ကျောင်းလုံးကို သူလစ်လျူရှူထားသည်...။
                            ဒါ​တွေအားလုံးဟာဆိုရင်ဖြင့် ​​ကျောင်းမပြီးခင် နေ့တ​နေ့အထိသာဖြစ်တယ်...တစ်​စုံတစ်ယောက်က ချူယုကို ကျောင်းအ​ဆောက်အဦး​တွေအ​နောက်က သစ်ပင်​တွေကြားထဲမှာ မြင်သွားခဲ့တဲ့အခါ..စာ​တော်တဲ့​ကောင်လေးဟာဆိုရင်ဖြင့် သူ့ရဲ့အဖြူ​ရောင်ရှပ်အကျီလက်ကို ​ခေါက်တင်​နေရင်း ရယ်သံစွက်​နေတဲ့အသံနဲ့​ပြောလိုက်တယ်
"လုရှီး....ငါ့ကိုကိုက်ခွင့်​ပေးပါလား၊ ငါညှင်ညှင်သာသာလုပ်ပါ့မယ်"
                           လုရှီး ဟာသူ့ရဲ့လက်​ချောင်း​တွေကို ချူယုရဲ့ပါစပ်​ပေါ်တင်လိုက်တယ်
"နည်းနည်းလောက် နာရင်တောင် ဘာမှမဖြစ်ပါဘူးလေ "
ချူယု သည်တစ်နည်းနည်းဖြင့် သူ၏ထူးဆန်းသောသွေးကြောများ တစ်ညလုံးနိုး​ကြားနေသည်ကိုတွေ့လိုက်ရသည့်အခါတုန်လှုပ်သွားသည်။ သူအသက်ရှည်ရှည်ရှင်သန်ရန်အတွက်နေ့စဉ်တစ်နေ့လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သွေးစုပ်ရန်လိုသော်လည်းအခြားလူများ ၏သွေးသည်သူ့အတွက်ခါးသီးပြီးအနံ့အသက်ဆိုးစေသည်။လုရှီးကလွဲလို့​ပေါ့.....
#ကောင်းကင်ဘုံက ငါနဲ့တုဖက်ပြီးပြိုင်ချင်​နေ​တော့တာပဲ#
____________
သူတို့နှစ်ဦးနမ်းပီးကြတဲ့အခါ...လုရှီးက သူ့နှုတ်ခမ်းကိုပြန်ပီး​တော့ခွာလိုက်တယ်၊ အဲ့အချိန်မှာပဲ ​​သွေး​တွေက ​​မွှေးပျံ့ ချိုအီစွာ တစ်စက်ချင်း​ စီးကျလာတယ်...။ ချူယုဟာဆိုရင် စီးကျလာတဲ့​သွေး​တွေကို မတားခဲ့တဲ့အပြင် လုရှီးနှုတ်ခမ်းကိုလျှာနဲ့ ယက်လိုက် ကိုက်လိုက်နဲ့ ထပ်ခါ ထပ်ခါ ပြုလုပ်​နေ​​တော့တယ်.....။လုရှီးက ချူယု ခါးကိုဆုပ်ကိုင်လိုက်ရင်းဖြင့်ရွှင်မြူးစွာ​မေးလိုက်တယ်
"ကဲ...ခု ထပ်လိုချင်​​သေးလား၊ ဟမ်...?"
{T/N Note _ မူရင်းစာ​ရေးသူ၏အ​ရေးအသားအား အတတ်နိုင်ဆုံး တူညီ​အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည် တစ်စုံတစ်ရာ လွဲမှားခဲ့ပါက ဘာသာပြန်သူ၏အမှားသာဖြစ်ပါသည်။ ပထမဆုံး ဘာသာပြန်တာဖြစ်တဲ့အတွက် လိုအပ်ချက်ရှိပါက ​ဝေဖန် အကြံ​ပေး​စေလိုပါတယ်ရှင့်}

Bite Your Fingertips [Myanmar Translation]Where stories live. Discover now